Cele YatKwat: ရဲထိုက်ထောင်က လွတ်လာပြီ

ဒီတစ်ခါတော့ အမှန်တကယ် လွတ်လာပါပြီ။

ပရိသတ်တွေရဲ့ စောင့်မျှော်နေကြတဲ့ သရုပ်ဆောင်ရဲတိုက်ကတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက တောင်ငူအကျဉ်းထောင်ကနေ အမှန်တကယ်လွတ်မြောက်လာပြီလို့ သိရပါတယ်။

play

 

ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့  "ရဲတိုက်ဒီနေ့ 17.11.17 နံနက်ခင်းမှာလွတ်ပါမယ်ကျွန်တော်တို့ သူ့ကိုကြိုဖို့သွားနေကြပါပြီဆိုတာ ပရိသတ် အားလုံးကိုတရားဝင်အသိပေးအပ်ပါတယ်။ဆာတိုရီအဖွဲ့သားများ" ဆိုပြီး​တော့ ​ရေးသားထုတ်​ပြန်​ခဲ့ တာပါ။

play

 

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊ သာသနာညှိုးနွမ်းစေမှု တို့ဖြင့် တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရတဲ့သရုပ်ဆောင်ရဲတိုက် ရဲ့ အိမ်အပြန်လမ်းကိုတော့ ဖဲကြိုးဝါနေ့ရက်များလို့ တင်စားထားတဲ့အတိုင်း ရဲတိုက်ကို သွားရောက်ကြိုဆိုကြသော ကားများတွင်ဖဲကြိုးအဝါများကို တပ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာပြီဖြစ်တာကြောင့် ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်ဆောင်ရွက်နိုင်အောင်၊ ပရိသတ်တွေလည်း စောင့်မျှော်ရကျိုးနပ်အောင် ဇာတ်ကား ကောင်းတွေထုတ်ရိုက်ဖို့ ကြိုးစားနေတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုရီဇော်က  Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

Photo: 7 day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ