AD
AD
AD

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းနဲ့ ခင်ပွန်း ကိုတာတာမျိုးတို့ ကတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းကမင်္ဂလာဦးဆွမ်းကျွေးအလှူကို သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  နိုဝင်ဘာလ ၉ ရက်နေ့ကတော့ ငွေဆောင်ကမ်းခြေမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

play

 

'' ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်ရှိပြီး ခင်ပွန်းလောင်းက နန်းမြတ်ထက် လေးနှစ်ကြီးပါတယ်။ အလုပ်နဲ့ပတ်သက်လို့ သူကတော့ နားလည် ပေးထားတယ်။ ဘာမှလည်း ဝင်မလုပ်ဘူး၊ မစွပ်ဖက်ဘူး ကိုယ်နဲ့ ကိုယ့်အစ်မပဲ တိုင်ပင်ပြီးလုပ်ဖြစ်တာများတယ်။ သူနဲ့ကိုယ့်ကြားမှာ ထွေထွေ ထူးထူး အမှတ်တရရယ်လို့တော့မရှိပါဘူး ကိစ္စတိုင်းကတော့ အမှတ်တရဖြစ်ပါတယ်။ သူကတော့ နန်းမြတ်အတွက် ယုံကြည်အားကိုး ရမယ့် လူတစ်ယောက်လို့ ထင်ပါတယ်'' လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးခဲ့ရင်တောင် အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ဆိုရင် ဆီဒိုးနားဟိုတယ်လ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ည အင်းယားလိပ်ဟိုတယ်လ် မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

play

 

အချစ်ရေးနဲ့ပတ်သက်လို့ သိုသိုသိပ်သိပ်နေတတ်တဲ့ နန်းမြတ်ဖြိုးသင်းက မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် စိတ်ခံစားချက်နဲ့ပတ်သက်ပြီး အများကြီးမပြောဖြစ်ဘူးလို့ဆိုပါတယ်။ပြောပြဖို့လိုအပ်တဲ့အချိန်ရောက်မှသာ ပရိသတ်ကိုပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Phyu Sin Lin Facebook , နန်းမြတ်ဖြိုးသင်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD