သရုပ်ဆောင်ရဲတိုက်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးသွားမှာဖြစ်တဲ့ ဆာတိုရီထုတ်လုပ်ရေးအနေနဲ့ အခုလက်ရှိမှာ ဇာတ်လမ်း အသစ်တွေရှာဖွေနေတုန်းလို့သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ကိုယ်တိုင်အကျဉ်းထောင်မှာရေးသားခဲ့တဲ့ ဇာတ်ညွှန်းတွေကိုလည်း ရိုက်ကူးဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဆာတိုရီထုတ်လုပ်ရေးက ကိုရီဇော်က Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ခဏတဖြုတ်နားပြီးရင် ရှေ့နှစ်ဆန်းလောက်မှာ ကျွန်တော်တို့ ဇာတ်ကားတွေစရိုက်မယ်။ သူ့အတွက် ဇာတ်တွေကိုလည်းရွေးထားပါတယ်။ ဘယ်ဟာကို နံပတ် ၁ ရိုက်ရမလဲ၊ ဘယ်ဟာကို နံပတ် ၂ရိုက်ရမလဲ ဆိုတာသာ မသေချာသေးတာ။ ထုတ်လုပ်ရေးကနေပြီးတော့ မင်းသား ဒေါင်းနဲ့ နှစ်ယောက်တွဲလည်းရိုက်မယ်။ တစ်ယောက် တစ်ကားစီလည်းရိုက်ပါမယ်'' လို့ ဆာတိုရီထုတ်လုပ်ရေးမှ ကိုရီဇော်က ပြောပါတယ်။

play

 

ရဲတိုက်ထောင်က မထွက်ခင်ကတည်းက ဇာတ်ကားရိုက်ဖို့ဇာတ်လမ်းတွေရွေးထားပေမယ့် ကြာသွားပြီဖြစ်လို့ အသစ်ပြန်လည်ရှာဖွေ နေရတာ ဖြစ်ပြီး ရဲတိုက်ကိုယ်တိုင်ထောင်ထဲမှာရေးထားတဲ့ ဇာတ်ညွှန်းအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ဇာတ်လမ်းတွေက အရင်ရွေးထားတဲ့ ဇာတ်တွေကလည်း နှစ်တွေ ကြာသွားပြီဆိုတော့ သိပ်မရိုက်တော့ဘူး။ အသစ်ရှာတယ် အသစ်ရိုက်မယ် အသစ်ဖတ်မယ်၊ အသစ်ရေးတယ် လုပ်နေတုန်းပဲရှိပါသေးတယ်။ ဘယ်ဇာတ်လမ်းကိုလုပ်မယ်ဆိုတာတော့ ဇာတ်လမ်းအမည်ကို မကြေငြာနိုင် သေးဘူး။ ဒါပေမယ့် မကြာခင်မှာကြေငြာပါ့မယ်။ သူရေးတာတွေကလည်း ဆာတိုရီကနေ ရိုက်ဖို့ရည်ရွယ်ပြီးရေးတာပါ။ သူအဲ့ဒီမှာရေးထားတဲ့ အပိုင်းအစလေးတွေလည်းရှိတယ် အစကတည်းကနေပြီးတော့ သူစုဆောင်းထားတဲ့ အချက်အလက်လေးတွေပြတယ်။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်'' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ကိုယ်တိုင် ထောင်ထဲမှာရေးခဲ့တဲ့ ဇာတ်ညွှန်းတွေက အဆုံးထိမပြီးသေးတာကြောင့် ဘယ်တော့ရိုက်ကူးဖြစ်မလဲဆိုတာ ဆုံးဖြတ်တဲ့အဆင့်မရောက်သေးဘူး လို့သိရပါတယ်။ ဆာတိုရီထုတ်လုပ်ရေးရဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ရဲတိုက်ကိုတော့ တခြားအနုပညာလောကသားတွေက ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းလာခဲ့ရင်လည်း လက်ခံပေးဖို့ရှိပါတယ်လို့ ဆာတိုရီထုတ်လုပ်ရေးက ကိုရီဇော်က ပြောပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video