AD
AD
AD

အနုပညာလောကမှာရပ်တည်လာတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အတွေ့အကြုံတွေအများကြီးရှိပေမယ့် ဘဝပေးအခြေအနေနဲ့ နေထိုင်တဲ့ အရပ်ဒေ ကွာခြားမှုကြောင့် အနုပညာအလုပ်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ကံတရားနဲ့ပဲ ဆိုင်တယ်လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့် စိတ်ထဲမှာတော့ အမြဲတမ်းအကောင်းဘက်ကပဲတွေးပါတယ်။ ဒီအခွင့်အရေးသည် ကျွန်တော်နဲ့ မထိုက်လို့ လက်လွှတ်ဆုံးရှုံးတယ် လို့ပဲ ကျွန်တော်ခံယူပါတယ်။ အဲ့ဒီအတွက် အနုပညာအလုပ်က ကံပဲလေ ကံတရားပေးသလောက်တော့ ကျွန်တော်အောင်မြင်မှာပေါ့'' လို့ဆိုပါ တယ်။

play

 

အနုပညာလမ်းကြောင်းပေါ်ရောက်နေတာကြာပြီဖြစ်တဲ့အတွက် အကယ်ဒမီလည်းရချင်တယ်၊ အောင်လည်းအောင်မြင်ချင်တဲ့ သူ့ရဲ့စိတ်ခံစား ချက် ကိုလည်း အခုလိုရင့်ဖွင့်ပြောဆိုခဲ့ပါတယ်။

'' တချို့တွေလည်းပြောတယ် လုပ်တာကြာပြီ ဖြစ်မလာဘူးတို့ အစုံပဲပြောကြတာ။ ကိုယ်လည်းဖြစ်ချင်တာပေါ့ အနုပညာအလုပ်တွေလုပ်ချင် တယ်၊ အောင်မြင်ချင်တယ်၊ အကယ်ဒမီတွေရချင်တယ်။ ဒါပေမယ့် ကံတရားနဲ့ ကိုယ့်ဘဝပေးအခြေအနေ နဲ့ ကိုယ်နေထိုင်တဲ့နေရာနဲ့က အဝေးကြီးတွေဖြစ်နေတာကို။ ကျွန်တော်လည်း ကံတရားပေးသလောက်တော့ ဖြေးဖြေးချင်းလုပ်သွားမှာပါ။ ကျန်တာ အောင်မြင်ချင်း မအောင် မြင်ချင်းကတော့ ပရိသတ်ရဲ့ အဆုံးအဖြတ်ရော၊ ကျွန်တော့်ရဲ့ ကြိုးစားမှုရော မူတည်မှာပေါ့လေ'' လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

play

 

ဥက္ကာမင်းမောင်ကတော့ မကြာခင်က မရဲ့ အေးခဲသွားကြသူများ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ 18 Album အခွေလေးရဲ့ တစ်နှစ်ပြည့်အမှတ်တရအနေနဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ မှာကျင်းပပြုလုပ်မယ့် Mister Tourism World 2017 ပြိုင်ပွဲကြီးကိုလည်း မြန်မာနိုင်ငံမှာပဲ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပ ပြုလုပ် သွားမှာဖြစ်ပြီး သူကိုယ်တိုင် ဆုလွှဲပေးရမယ်လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

Photo: ဥက္ကာမင်းမောင်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD