သရုပ်ဆောင်ရဲတိုက်ကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပန်းဆိုးတန်း ဆင်းန်ဂလယ်ရီမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ ရုတ်တရက် တွေ့ဆုံဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီတွေ့ဆုံပွဲမှာလည်း သူ့အနေနဲ့ ဝမ်းနည်း၊ဝမ်းသာဖြစ်ခဲ့ရပေမယ့် ငိုလို့မရတဲ့ အကြောင်းကိုလည်း မီဒီယာတွေ ကနေတဆင့် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

play

 

'' ဘယ်သူမှလည်း ကျွန်တော့်ကို မတွေ့ချင်သေးဘူးလို့ထင်တာ အခုမှသာ ကျွန်တော်ထောင်ကျလိုက်လို့ တွေ့ချင်တာလားလို့။ အရင်တုန်းက အရမ်းလိမ္မာလို့မချစ်ကြတာလားလို့။ ပရိသတ်တွေပေးတဲ့လက်ဆောင်ကိုလည်း အကုန်ကြိုက်တယ်။ အမှတ်တရ အဖြစ်ဆုံးကတော့ အခု မသိသေးဘူး နှစ်ရှည်လ များကြာတော့မှ အဲ့ဒီအရာက အမှတ်တရဖြစ်တယ် မဖြစ်ဘူးဆိုတာ သိရမှာ။ အခုချိန်မှာ အမှတ်တရအဖြစ်ဆုံး လက်ဆောင် တစ်ခုရှိတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပေးထားတာဆိုတော့ မတက်နိုင်ဘူး'' လို့ ဆိုပါတယ်။

play

 

ထောင် ၄ နှစ်ကျပြီးနောက် ပြန်ထွက်လာတဲ့အခါမှာ ပထမဆုံးအကြိမ်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပျော်လည်းပျော်တယ်၊ ဝမ်းလည်းနည်းတယ် ဆိုတာကိုလည်း ရဲတိုက်က အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

 

'' ပျော်လည်းပျော်တယ်၊ ဝမ်းလည်းဝမ်းနည်းတယ်၊ တစ်ခုခုလိုနေသလိုလည်း ခံစားရတယ်။ ဒါပေမယ့် ငိုလို့တော့မရဘူး အဲ့ဒါ ကျွန်တော့် အမှားတော့ မဟုတ်ဘူး အဲ့ဒါ ထောင်အမှာ အပြစ်ရှိတယ်။ ထောင်မှာ ခဏခဏငိုရင် မင်း ယောက်ျားမဟုတ်ဘူးလား ဟေ့ကောင် ၊ မင်းကို ငါတို့က ဘာလုပ်နေလို့လဲ။ အပြစ်ရှိလို့ အပြစ်ခံရတာဆိုတော့ လူတွေက ငိုတာကို လူတွေက ငိုတာကို မကြိုက်ကြဘူး အပြစ်ရှိတယ်ဆိုတာကို ခပ်မာမာပဲ ခံစေချင်တယ်။ ဒါပေမယ့် ကျွန်တော်ပြန်ငိုမှာပါ နဂိုပုံစံကိုပဲ သဘောကျတယ် အဲ့ဒီအထဲမှာနေရတဲ့ စိတ်ကို တစ်ခုမှ သဘောမကျ ဘူး။မတက်သာလို့သာ နေခဲ့ရတာ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ကတော့ အခုလက်ရှိမှာ သူ့ရဲ့ မိဘတွေနဲ့ အတူတူနေထိုင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ဖို့အစီအစဉ်မရှိသေးသလို အပြည့်အဝ အနားယူနေတယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video