AD
AD
AD

ကိုယ့်တိုင်တာက အရမ်းသံယောဇဉ်ကြီးတယ်လို့ ဝန်ခံလိုက်တဲ့ သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ သူချစ်တဲ့ မိသားစုတွေကို စိတ်မဆင်းရဲစေ ချင်ဘူး၊ မိဘကို အရမ်းချစ်တဲ့အတွက် စိတ်ချမ်းသာစေချင်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' စိုးပြည့်က အရမ်းသံယောဇဉ်ကြီးတယ် မေမေတို့ ဖေဖေတို့ နေမကောင်းဖြစ်ရင် ကိုယ်ကအရမ်းစိတ်ပူတယ်။ အခုချက်ချင်းဆေးခန်းပြပါ ဆိုပြီးတော့ပြောတယ်။ အဲ့ဒါကြောင့် စိုးပြည့် မိသားစုကိုအရမ်းချစ်တယ်၊ စိတ်လည်းမဆင်းရဲစေချင်ဘူး။ မိဘကိုလည်းအမြဲတမ်း စိတ်ချမ်းသာ စေချင်တယ် စိုးပြည့်မိဘကိုလည်း အရမ်းချစ်တယ်။ မိဘဆိုတာထက် မိသားစုကို အရမ်းချစ်တယ်။ စိုးပြည့်မှာ အစ်မလည်းရှိတယ် အိမ်မှာ အဘွားလည်းရှိတယ်။ မိသားစု တစ်ခုလုံးကို ချစ်တယ်''  လို့ပြောပါတယ်။

play

 

အမြဲတမ်းလိုလို တိုင်တိုင်ပင်ပင်ရှိတယ်ဆိုတဲ့ မိသားစုကို ၁၃ နှစ်သမီးကတည်းက လုပ်ကျွေးခွင့်ရတဲ့ခံစားချက်ကိုလည်း အခုလိုရင်ဖွင့်ပြောပြခဲ့

ပါတယ်။

'' စိုးပြည့်တို့ မိသားစုက အရမ်း Close ဖြစ်ပါတယ်။ စိုးပြည့် အလုပ်လုပ်တယ်ဆိုရင်လည်း မေမေပါတယ်။ မေမေနဲ့ကတော့ အမြဲတမ်းရှိတယ် ဖေဖေကတော့ ကားမောင်းပို့ပေးတယ်။ စိုးပြည့်တို့မိသားစုက တစ်ခုခုဆိုရင် အမြဲတိုင်ပင်ကြတယ်။ အထွေအထူးကြီး တွေ့ဆုံနေရတာမျိုးလည်း မဟုတ်ဘူးပေါ့နော်။ အမှတ်တရဆိုတာထက် ပျော်စရာဆိုလည်း အမြဲတမ်းရှိနေကြတယ် အားလုံးအတူတူပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်နေရ တယ် ဆိုတဲ့ စိတ်မထားခဲ့ကြဘူး။ စိုးပြည့်ဆိုရင် အသက် ၁၃ နှစ်ကနေ စပြီးတော့ မိဘကို လုပ်ကျွေးခဲ့တာပေါ့နော် ဒီအရွယ်အထိပဲ အဲ့ဒီအတွက် စိုးပြည့်အရမ်းကျေနပ်တယ်'' လို့ ဆိုပါတယ်။

play

 

၁၃ နှစ်အရွယ်ကစပြီး မိဘကို လုပ်ကျွေးခဲ့ရတဲ့ စိုးပြည့်သဇင်ရဲ့ စိတ်ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ၁၃ နှစ်ဆိုတာက ကျောင်းတက်နေတုန်းအရွယ်ပေါ့နော်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုနဲ့ မိဘကို လုပ်ကျွေးတယ်ဆိုတာ အရမ်းရှားတယ်လေ။ ဒါပေမယ့်ရှိတာတော့ရှိမှာပါ အဲ့ဒီလိုမျိုးရဖို့က အရမ်းရှားတယ်။ ကိုယ်ကလည်း ကံကောင်းထောက်မစွာနဲ့ ၁၃ နှစ်အရွယ်မှာ လုပ်ကျွေးခွင့်ရခဲ့ တယ်။ အဲ့ဒီအတွက်လည်း အရမ်းကျေနပ်တယ်၊ ပီတိဖြစ်တယ်'' လို့ သူက ဆိုပါတယ်။

play

 

သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့ သံယောဇဉ်ကြီးပုံတွေကိုတော့ သူကိုယ်တိုင်ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။ စိုးပြည့်သဇင်အနေနဲ့ ၂၀၁၇ခုနှစ် ထဲမှာ ရုံတင်ထားတဲ့ ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ဇာတ်ကားကြီးထဲအမှာပါဝင်ထားတဲ့ ရှေ့နေကောင်မလေးတစ်ယောက်၊ သူငယ်ချင်း အပေါ် သံယောဇဉ်ကြီးတဲ့ မိန်းကလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း အနုပညာအောင်မြင်မှုတစ်ခုကို မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Photo: စိုးပြည့်သဇင်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD