ပတ္တမြား FM ရဲ့ Announcer တစ်ဦးလည်းဖြစ်၊ အနုပညာလောကထဲမှာလည်း အဆိုတော်တစ်ယောက်အဖြစ်နဲ့ ရပ်တည်ဖို့ကြိုးစားနေတဲ့ ဖိုးပြည့် ကတော့ Announcer တစ်ယောက်နဲ့ အဆိုတော်တစ်ယောက်မှာ တူညီတဲ့အရာတွေရှိပေမယ့် သီချင်းဆိုတာနဲ့ပတ်သက်ပြီးတော့ Zero ကနေပြန်သင်ရတယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

" အဆိုတော်နဲ့ Announcer ဆိုတာက အသံထွက်တာချင်းကတော့ တူပေမယ့် ကွာခြားတာတွေကတော့ အများကြီးကွာခြားတယ်။ တူညီတဲ့ အရာတွေလည်းရှိတယ်။ တူညီတာတွေကတော့ မိုက်တွေနဲ့ အမြဲတမ်းထိတွေ့ရတာချင်းတူမယ်။ ဒါပေမယ့်စကားပြောပြီး အစီအစဉ်တစ်ခုကို တင်ဆက်ရတာနဲ့ သီချင်းတစ်ပုဒ်ဆိုရတာအရမ်းကို ကွာခြားပါတယ်။ သီချင်းဆိုတာကိုလည်း လုံးဝ Zero ကအစ ကျွန်တော်ပြန်သင်ရပါတယ်'' လို့ ဆိုပါတယ်။

play

 

အားပေးတဲ့ပရိသတ်တွေရှိတာကြောင့် အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီဆိုတာကိုလည်း အခုလိုရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

 

'' သီချင်းတွေဆိုဖြစ်တာကလည်း Announcer ဘဝမှာ အားပေးနေတဲ့ ပရိသတ်ကြောင့်အများကြီးပါ ပါတယ်။ ပတ္တမြားFM မှာ အချစ်တစ်ခုထဲနဲ့ ဆိုတဲ့သီချင်းဟာ ကျွန်တော်ဆိုဖူးတဲ့ တစ်ပုဒ်တည်းသော သီချင်းကိုအားပေးကြတဲ့ ပရိသတ်တွေကလည်း နောက်ထပ်မထွက်သေးဘူး လား ဆိုပြီးတော့ ကျွန်တော့်ကို ခဏခဏမေးကြတယ်။ အဲ့ဒီအချိန်တုန်းကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသေးဘူး အခုချိန်မှာတော့ ကိုယ့်ကိုယ် ကို လည်း ထိုက်သင့်သလောက် ယုံကြည်မှုရှိနေပြီ။ တော်တော်များများလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ အခွေလုပ်ဖို့အတွက် အခြေအနေဖြစ်သွားတာပေါ့'' လို့ အဆိုတော်ဖိုးပြည့်က ပြောပါတယ်။

play

 

 Announcer တစ်ယောက်အဖြစ်နဲ့ရော၊ အဆိုတော်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလောကထဲမှာ မျှမျှတတရပ်တည်သွားမယ်ဆိုတဲ့ အဆိုတော် ဖိုးပြည့်ကတော့ Announcer တစ်ယောက်က သီချင်းတွေဆိုတယ် ဆိုတဲ့ ဝေဖန်မှုတွေရဲ့ အပေါ်မှာလည်း ကောင်းသော ဝေဖန်ခြင်း တွေကို အများကြီး ကြိုဆိုသွားမယ်လို့ ဆိုပါတယ်။ အဆိုတော်ဖိုးပြည့်အနေနဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ ပတ္တမြားFM ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသီချင်းဖြစ်တဲ့ အိမ်မက်လှလှ မက်ပါစေ  ဆိုတဲ့သီချင်းပုံစံအသစ်လေးကိုလည်း ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်Page တွေကနေတဆင့်မွေးနေ့လက်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

Photo: Duwun, ဖိုးပြည့် ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video