မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပပြုလုပ်မယ့် သင်းလုံးကျွတ်ညီလာခံကို မကြာခင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ညီလာခံကတဆင့်အများက အတည်ပြုလိုက်တဲ့အချက်တွေအပေါ် အစည်းအရုံးအနေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့်အကြောင်းအရာတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဆယ်စုနှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့တဲ့ သင်းလုံးကျွတ်ညီလာခံပါ။ သင်းလုံးကျွတ်ညီလာခံက အများက အတည်ပြုလိုက်တဲ့အချက်အလက် တွေနဲ့ပဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရှေ့ဆက်ရပ်တည်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရုံတင်ကားများ အကြပ်အတည်း တစ်ခုပေါ့ ကျွန်တော်တို့ဆီမှာ ရုံအင်အားက နည်းနေသေးတယ် ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားအရေအတွက်က ၂၀၀ ကျော်လောက်ဖြစ်နေ ပါတယ်။ ဒါတွေကို အမြန်ဆုံးပြသနိုင်ဖို့ စနစ်တစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေတာ နောက်ဆုံးအဆင့်ထိတော့ ရောက်နေပါပြီ'' လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပပြုလုပ်မယ့် သင်းလုံးကျွတ် ညီလာခံကနေပြီးတော့ အနုပညာနဲ့ပတ်သက်တာအားလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမယ်ဆိုတဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့အနေနဲ့ ဒီအရာကို အဓိက ဦးစားပေးဆောင်ရွက်နေရလို့ ကျန်တဲ့အပိုင်းတွေကို ချန်ထားလို့လည်း မရပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်နေရတဲ့ အရာတွေက တစ်ပြိုင်နက်တည်းလုပ်နေရတဲ့အရာဖြစ်ပါတယ်။ သင်းလုံးကျွတ်ညီလာခံ ရှိသလို တစ်ဖက်မှာလည်း ရိုက်ကူးရေး၊ ပြသရေးအတွက် လုပ်နေရတဲ့ အရာကို ညှိနှိုင်းနေရတာရှိတယ်။ ရုပ်ရှင်လောက အတွက်ခိုင်မာတဲ့ဥပဒေ ပေါ်ထွက်လာရေး ဆိုတာကိုလည်း လွှတ်တော်ကော်မတီများ၊ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ညှိနှိုင်းပြီးတော့မှ တစ်ပြိုင်နက်တည်းလုပ်ဆောင်နေရပါတယ်။ ဒါအပြင် ကျွန်တော်တို့ အရင်နှစ်က ရရှိခဲ့ကြတဲ့ မြေကွက်များကိုလည်း ဂရမ်ရရှိရေး၊ လမ်းဖောက်လုပ်ရေး၊ မီးသွယ်ရေး စတဲ့ ကိစ္စတွေကိုလည်း တစ်ပြိုက်နက်တည်းလုပ်ရတယ်၊ ဦးစားပေးအဆင့်နဲ့ မဟုတ်ပဲ အားလုံးကို တစ်ပြိုင်နက်တည်းလုပ်နေရပါတယ်'' လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက Duwun Media ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျင်းပပြုလုပ်မယ့် သင်းလုံးကျွတ်ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး အမျိုးသားကဇာတ်ရုံမှာ မနက် ၉ နာရီကစပြီး ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီ သင်းလုံးကျွတ်ညီလာခံကလည်း ဆယ်စုနှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့တဲ့ ညီလာခံကို ပြန်လည်ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo: Duwun, ဇင်ဝိုင်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video