AD
AD
AD

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နဲ့ အတူ မေခဆောင်ဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မယ့် မြကျွန်းညိုညိုဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီအချိန် အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ နာမည်ကျော်အနုပညာရှင် ပေါင်း ၂၀ ကျော်က ပါဝင်သီဆိုဖျော်ဖြေသွားမယ်လို့ မေခဆောင်ဖောင်ဒေးရှင်းဥက္ကဌ ဦးမြင့်နိုင်က Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက် ၅ ချက်ရှိမှာတယ်။ နိုင်ငံတော်အတွက်လိုအပ်တဲ့နေရာမှာ စီးပွားရေးပညာနဲ့ အထောက်အကူပြုမယ်ဆိုတာ အဓိက ပါ ပါတယ်။စီးပွားရေးဖိုရမ်တွေကို ရန်ကုန်မှာရော၊ နယ်မြို့တွေမှာပါ ကျွန်တော်တို့ကျင်းပ ပါတယ်။ ဒီနှစ်ဆိုရင် မော်လမြိုင်၊ မြစ်ကြီးနား မှာကျင်းပတယ် ဒီကျင်းပတဲ့ နေရာတွေမှာ ကုန်ကျစားရိတ်တွေကို အသုံးပြုပါတယ်။ ပြီးတော့ စီးပွားရေးစာစောင်တွေထုတ်တဲ့နေရာမှာ အသုံးပြုပါမယ်။ တခြား သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေ၊ အကူအညီလိုတဲ့နေရာတွေမှာ အသုံးပြုမှာပါ'' လို့ သူကဆိုပါတယ်။

 

play

 

မြကျွန်းညိုညို ဂီတဖျော်ဖြေပွဲကြီးကို ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းကပြုလုပ်ခဲ့တာဖြစ်ပြီး သဘင်အစည်းအရုံးနဲ့အတူ သဘင်ပညာရှင် များ က လည်း ပါဝင် ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယအကြိမ်ကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲကြီးမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပံ့ပိုး ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ ၂ သောင်းကျပ်၊ ၁ သောင်းကျပ်လို့ သတ်မှတ်ထား တာ ဖြစ်ပြီး ဝယ်ယူရရှိနိုင်မယ့်နေရာတွေကို သတင်းစာတွေ ကနေတဆင့် ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD