သရုပ်ဆောင်ပြေတီဦးကတော့ မကြာခင်ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့မှာ ဖောင်ဒေးရှင်းက ကလေးတွေ၊ သူ့ရဲ့ Fan တွေနဲ့ အတူ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ မွေးနေ့ပွဲကိုတော့ Fan တွေက ပြုလုပ်ပေးမှာဖြစ်လို့ အစီအစဉ်တွေကိုလည်း မသိရသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့်ရဲ့ မွေးနေ့မှာ ကျွန်တော့်ဖောင်ဒေးရှင်းလေးက တည်ထောင်ထားတာဖြစ်လို့ ကျွန်တော့်ရဲ့ မွေးနေ့ကလည်း ဖောင်ဒေးရှင်းရဲ့ နှစ်ပတ်လည် ဖြစ်နေတာပေါ့။ အဲ့ဒီနေ့လေးမှာ ဘယ်တော့မှ ပွဲလမ်းသဘင်လေးတွေ မလုပ်ဖြစ်ဘူး ဖောင်ဒေးရှင်းက ကလေးတွေနဲ့ပဲ အမြဲတမ်းတွေ့ဖြစ်တယ်။ Fan တွေနဲ့ မနက်ပိုင်းမှာ အလှူအတန်းလေးလုပ်ဖို့တော့ ရှိနိုင်ပါတယ်။ လှူမယ့်နေရာတွေကိုတော့ Fan တွေပဲ စီစဉ်မယ်'' လို့ ဆိုပါတယ်။

play

 

အသက် ၃၉ နှစ်ပြည့်မွေးနေ့ရောက်တော့မယ့် သရုပ်ဆောင်ပြေတီဦးကတော့ မွေးနေ့နှစ်တိုင်းမှာ အဓိပ္ပာယ်ရှိတဲ့အလုပ်လေးတွေကို အမြဲတမ်း လုပ်ဖြစ်တယ်ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ဖောင်ဒေးရှင်းက ကလေးတွေနဲ့ တွေ့ရတာက အမြဲတမ်းကျွန်တော့်အတွက် အမှတ်တရပဲ။ ကျွန်တော့်ရဲ့ မွေးနေ့မှာ အမြဲတမ်း အဓိပ္ပာယ်ရှိတဲ့ အလုပ်လေးတွေကို အမြဲတမ်းလုပ်ပါတယ်။ အဲ့ဒါကလည်း ပီတိပဲ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ပြေတီဦး ကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အသက် ၃၉ နှစ်ပြည့်မယ်လို့ သိရပါတယ်။ သူ့ရဲ့ မွေးနေ့မှာလည်း သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူ အလှူအတန်းတွေလုပ်သွားမှာဖြစ်ပြီး ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကနေပြီးတော့ ပညာတက်တွေ အများကြီးထွက်ပေါ်လာတာကြောင့်လည်း သူ့အနေနဲ့ အရမ်းကို ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

Photo: Duwun, ပြေတီဦးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video