AD
AD
AD

မေခဆောင်ဖောင်ဒေးရှင်းအဖွဲ့က ကျင်းပပြုလုပ်မယ့် မြကျွန်းညိုညိုဂီတဖျော်ဖြေပွဲကြီးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ့် အကြောင်းကို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲတဲ့ ဒီခေတ်မှာ နိုင်ငံရဲ့လိုအပ်နေတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေး က အစ လိုအပ်တဲ့ အသိပညာများကို ဖြန့်ဝေနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဒီအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အကူအညီ တောင်းပါတယ်၊ ဖျော်ဖြေရေးတစ်ခုလုပ်မယ်၊ ရန်ပုံငွေရှာဖွေမယ် ဒီ့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဘက်က မိမိတို့ တက်နိုင်တဲ့ အပိုင်းကနေ ဝိုင်းဝန်းကူညီကြခြင်းဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အချိန် ၂နာရီလောက်သာ ကြာမှာဖြစ်တဲ့အတွက် သီချင်းသီဆိုဖျော်ဖြေခြင်း ပဲ ပါဝင်မယ့်အကြောင်းကို ဥက္ကဌဦးဇင်ဝိုင်းက အခုလိုပြောပြခဲ့ ပါတယ်။

 

'' အဓိက ကတော့ ဒီပွဲမှာ ကျန်တဲ့အစီအစဉ်တွေပါဝင်တော့မှာ မဟုတ်ပါဘူး။ သီချင်းသီဆိုဖျော်ဖြေခြင်းပါပဲ။ သီချင်းဆိုတာကလည်း ရရှိတဲ့ အချိန်က ၂ နာရီလည်း ဖြစ်တဲ့အတွက် ကျွန်တော်တို့က သရုပ်ဆောင်များနဲ့သီဆိုဖျော်ဖြေမယ်။ အယောက် ၂၀ လောက်ရည်ရွယ်ထားပါ တယ်။ ကြီး၊  ငယ်၊ လတ် အကုန်လုံးပါဝင်အောင်လို့ ကျွန်တော်တို့ကြိုးစားထားပါတယ်'' လို့ ဆိုပါတယ်။

play

 

မြကျွန်းညိုညို ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာလ ၂ ရက်နေ့ည ၇ နာရီ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီဂီတဖျော်ဖြေပွဲကြီးအနေနဲ့ ဒုတိယအကြိမ် ကျင်းပပြုလုပ်တဲ့ဖျော်ဖြေပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။

Photo: ဇင်ဝိုင်းဖေ့စ်ဘွတ်, Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD