သရုပ်ဆောင်ရွှေသမီးကတော့ သူ့ရဲ့ ဘဝမှာ အချစ်ရဆုံးသူအကြောင်းကို Duwun Media ကနေ ဖွင့်ပြောပြလာပါတယ်။

play

 

'' ညီမရဲ့ ဘဝမှာ အချစ်ဆုံးကတော့ မိဘပဲ၊ အဖေနဲ့ အမေကိုအချစ်ဆုံးပဲ အဖေက မိုးကုတ်ဇာတိ၊ အမေက ဗန်းမော်က။ မောင်နှမ ၄ ယောက်ထဲမှာ ညီမက အငယ်ဆုံး ညီမကိုမွေးတော့ မန္တလေးကိုပြောင်းလာကြပြီပေါ့နော်။ ညီမ သိတတ်စအရွယ်ကတည်းက မှတ်မိတာဆိုရင် အဖေက အဝေးကြီးမှာအလုပ်လုပ်တာမိုးကုတ်မှာပဲ အလုပ်လုပ်တာ ကြာလာတော့ မမှတ်မိတော့ဘူး။ အဲ့ဒီမှာ အဖေ့ရဲ့ ညီ ရန်ကုန်မှာနေတဲ့ဦးလေးက ရန်ကုန်နဲ့ မန္တလေးကို ခရီးထွက်ပြီးအလုပ်လုပ်တော့ ကိုယ့်အဖေလို့ပဲ ထင်တာ ဦးလေးကို အမြင်များတာကိုး။ ဦးလေးလာရင် အဖေလို့ သွားသွားခေါ်မိတယ်။ အမေကလေ အဲ့ဒါနင့်ဦးလေး ဆိုပြီးတော့ပြောရတယ်၊ ဒါကတော့ အမှတ်တရပါ'' လို့ သူကဆိုပါတယ်။

play

 

ဆံပင်အရှည်ထားရတာ သဘောကျတဲ့ရွှေသမီးကတော့ ဆံပင်ဖြီးရ စည်းရတဲ့အလုပ်တွေကြောင့် မိခင်ဖြစ်သူနဲ့ အမှတ်တရအကြောင်းတွေကို အခုလိုပြောပြခဲ့ပါတယ်။

 

'' ညီမတို့က ညီအစ်မ လေးယောက်ဆိုတော့ အမေနဲ့နေဖြစ်တာလည်းများတယ်။ အမေနဲ့ အမှတ်တရဆိုရင်လည်း ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေက ဆံပင်အရှည်ထားကြတယ်၊ အဲ့ဒီတော့ ကိုယ်လည်း ဆံပင်အရှည်ထားချင်တာ ဒါပေမယ့် အုန်းမုန့်ခွက်လိုပဲ ဆံပင်အတိ လေးတွေပဲ အမေက ထားပေးတယ်။ ၄ တန်းနှစ်လောက်မှာတော့ ဆံပင်အရှည်ထားပြီ ဒါပေမယ့် ဆံပင်လုံးဝမနိုင်သေးဘူး။ မနက်မိုးလင်းပြီ ဆိုတာနဲ့ အမေက ဆံပင်ဖြီးပြီးတော့မှ နှစ်ဖက်စည်းတယ်။ ဘယ်တော့မှ ဆံပင်မချခိုင်းဘူး။ ဖြစ်ချင်တော့ အမေက ခရီးသွားမယ့်ရက်မှာ အဲ့ဒီတော့ နင် ဆံပင်ညှပ်တဲ့ဆိုတော့ အရမ်းငိုတာ အမေခရီးသွားရင် ရတယ်။ သမီး ဆံပင်ကို မနက်မိုးလင်းတာနဲ့သေချာဖြီးပြီး တော့ချည်မယ် လို့ပြောတော့မှ ရသွားတာ။ ဒါကတော့ အမေနဲ့ခွဲရတဲ့ အမှတ်တရပါပဲ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ရွှေသမီးကတော့ မွေးချင်းညီအစ်မ ၄ ယောက်ထဲမှာ အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ သူ့အနေနဲ့ အသက် ၂၂ နှစ်သာရှိသေးပြီး အခုချိန်ထိ အဝတ်အစားရွေးရင် အမေဖြစ်သူနဲ့ စိတ်ဆိုးစိတ်ကောက်ရှိတယ်လို့ဆိုပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘုတ် Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video