ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်မင်းမော်ကွန်းနဲ့အတူ မတည့်အတူနေ တစ်ရွာတည်းသားအဖြစ်ပါဝင်သရုပ်ဆောင် ထား တဲ့ ပြေတီဦးက ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဇာတ်လမ်းတည်ထားတာကိုက ကထိန်ရာသီပေါ့နော်။ ကထိန်ရာသီမှာ အလှူခံကြတယ်၊ အလှူခံတဲ့သူတွေကြတော့လည်း ဒါဟာ ဘာသာရေး ပေါ့နော်။ ပတ်ဝန်းကျင်ကကျတော့လည်း ကြာတော့ နားတွေပူလာတာ၊ ဒုက္ခတစ်ခုလိုဖြစ်လာတာ အဲ့ဒီအမြင်လေးတွေအပေါ်မှာ ဒီဇာတ်လေး တစ်ခုကို အခြေခံပြီးတော့ ရိုက်ထားတာပေါ့။ ကထိန်ရာသီမှာလည်း အဖွင့်အများဆုံးက ငါက ဗိုလ်အောင်ဒင် သီချင်းက အဖွင့်အများဆုံး ဆို တော့ ဒါကို ဇာတ်လမ်းတည်ထားတဲ့ သဘောလေးပါပဲ'' လို့ သူကဆိုပါတယ်။

play

 

ကျေးရွာဓလေ့ပုံစံကို အခြေခံထားတဲ့ ငါက ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားထဲကနေ ပရိသတ်တွေကို မေးချင်တဲ့သင်ခန်းစာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ကျွန်တော်တို့ အနေနဲ့ကတော့ အလယ်အလတ်ကတော့ ကောင်းတာပေါ့နော်။ အလှူခံတဲ့သူတွေဘက်ကလည်း တအားကြီးအစွန်းမရောက် ဘူး၊ တစ်ဖက်ကလည်း အစွန်းမရောက်ဘူးဆိုရင် အားလုံးအဆင်ပြေတာပေါ့။ ဒီထဲမှာကလည်း အလှူခံတော့ ဗိုလ်အောင်ဒင်လို ဝတ်ပြီးတော့ အလှူခံတာဖြစ်တဲ့အတွက် ဗိုလ်အောင်ဒင်စတိုင်လ်လိုဖြစ်နေတယ်။ ကိုကျော်နဲ့ ကျွန်တော်နဲ့ကလည်း လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဇာတ်ကားတွေအများကြီးတွဲပြီးရိုက်လာခဲ့တာဆိုတော့ ခင်တာလည်းကြာပြီ။ သူငယ်ချင်းလို၊ ညီအစ်ကိုလိုလည်းဖြစ်နေပြီဆိုတော့ တအားကြီး အထွေအထူး ညှိနှိုင်းရတာမျိုးတွေမရှိပါဘူး'' လို့ ပြေတီဦးက ပြောပါတယ်။

play

 

သရုပ်ဆောင်ပြေတီဦးကတော့ မကြာခင်ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့မှာ ဖောင်ဒေးရှင်းက ကလေးတွေ၊ သူ့ရဲ့ Fan တွေနဲ့ အတူ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ မွေးနေ့ပွဲကိုတော့ Fan တွေက ပြုလုပ်ပေးမှာဖြစ်လို့ အစီအစဉ်တွေကိုလည်း မသိရသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

Photo: Lucky Seven

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video