အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင်ဘုဏ်းသိုက်တို့ရဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲသွားကြပြီဆိုတဲ့နောက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်က လည်း အဆိုတော်ချမ်းချမ်းအပေါ် အားပေးစကားသံကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

play

 

'' ရုပ်​​ချောတိုင်း အကျင့်​သီလ​ကောင်းကြတာမဟုတ်​ဘူး...ချမ်းသာတိုင်းလဲ အကျင့်​သီလ ​ကောင်းကြတာမဟုတ်​ဘူး...​ဖောက်​ပြန်​တာဟာ မျိုးရိုး ရှိခြင်း မရှိခြင်းနဲ့လဲမဆိုင်​ဘူး...သူ့ရဲ့ ဗီဇ ...အဲဒါနဲ့ပဲဆိုင်​တယ်​...အသွင်​တူတဲ့ လူအချင်းချင်း​တွေ့သွားပြီဆိုရင်​ ငုပ်​လျိုး​နေတဲ့ ဗီဇက​ပေါ်လာ မှာပဲ​လေ...ယောက်​င်္ကျား​တွေ ​ဖောက်​ပြန်​ချင်​လာပြီဆို အ​ကြောင်းပြချက်​မျိုးစုံ​ပေးလာကြတယ်​...တကယ်​တမ်းစဉ်းစားကြည့်​​တော့ မိန်းမ​တွေ​ လောက်​ ဘာဒဏ်​မှမခံနိုင်​ကြဘူး....​မိန်းမက ဂရုမစိုက်​မိ​ရင်​လဲ မင်းကငါ့ကိုဂရုမစိုက်​လို့ ငါ့ကိုဂရုစိုက်​တဲ့သူနဲ့ သာယာတယ်​​ကွာ လို့​ပြောကြမယ်​။ မင်းကပုံပျက်​​နေလို့ ငါဖီးလ်​မလာဘူးကွာလို့ ​ပြောကြမယ်​....စသည်​ဖြင့်​....နဖူး​ပေါ်လက်​တင်​ပြီး စဉ်းစားကြည့်​ပါအုံး..ငါ​ရော ငါ့မိန်းမအ​ပေါ်မှာ ဂရုစိုက်​ရဲ့လား....အိပ်​ခါနီးဂရုစိုက်​မှုဆိုရင်​​တော့ ဘယ်​​ယောက်ျားဆီကမဆို ရပါတယ်​ရှင်​'' လို့ အစချီလို့ ချမ်းချမ်းကို ထောက်ခံကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာပါ။

play

 

 

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့က နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေးမုံသတင်းစာမှာ ပါလာခဲ့တာဖြစ်ပါတယ်။

play

 

ဒီလို ကွာရှင်းရခြင်းက ဘုဏ်းသိုက်ဘက်က အိမ်ထောင်ရေးဖောက်ပြန်မှုလို့ ဆိုနေကြပြီး ပရိသတ်အများစုက ချမ်းချမ်းဘက်က ရပ်တည်နေကြ တာဖြစ်ပါတယ်။

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း(၄)နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးမှာတော့ မြမိုးဂင်္ဂါဆိုတဲ့ သမီး တစ်ယောက်လည်း ရှိပါတယ်။

Photo: နှိုင်းယှဉ်မြင့်မိုရ်ဖေ့စ်ဘုတ်

SeeMore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video