AD
AD
AD

Miss Myanmar International 2017 ဆုရှင် စဝ်ယွန်းဝတီဦး ကတော့ Miss Myanmar International ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့် ဂျပန်နိုင်ငံမှာလေ့လာခွင့်ရခဲ့တဲ့ အကြောင်းအရာတွေကို Duwun media ကနေတဆင့် သူ့ရဲ့ ပရိသတ်တွေအတွက်ပြောပြခဲ့ပါတယ်။

play

 

'' ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲကတော့ အများကြီး သိပ်မရှိခဲ့ပါဘူး။ တစ်နေ့စာ တစ်နေ့ကြိုတင်ပြင်ဆင်ရတယ် အိပ်ရေးသိပ်မဝဘူး ပင်ပန်းတယ်။ ဒါပေမယ့်ပြိုင်ပွဲဝင်နေတဲ့ တစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ တွေ အများကြီးရှိပါတယ်။အဓိက ကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ နေရာတော်တော်များ များကို သူတို့လိုက်ပို့ပေးတယ် ဂျပန်အစားအစာတွေ၊ ဂျပန်နိုင်ငံ ရဲ့ ယဉ်ကျေးမှုတွေကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဂျပန်နိုင်ငံမှာ လေ့လာခွင့်တွေအများကြီးရခဲ့တဲ့ Miss Myanmar International 2017 ဆုရှင် စဝ်ယွန်းဝတီဦးအနေနဲ့ ဒီလေ့လာရေးမှာ သူသဘောကျမိတဲ့ အချက်တွေကိုလည်း Duwun Media ကနေတဆင့်အခုလိုပြောပြခဲ့ပါတယ်။

 

'' ဂျပန်နိုင်ငံမှာဆိုရင် သူတို့လူမျိုးတွေရဲ့ စည်းကမ်းတွေပေါ့၊ ဘယ်နေရာသွားသွားအရမ်းအဆင်ပြေတယ်။ အိမ်သာတွေက အစ ဘယ်နေရာ သွားသွား လုပ်ပေးထားတာလေးကိုတော့ အရမ်းသဘောကျတယ်။ သူတို့ အစားအသောက်ပြင်ဆင်ပေးတဲ့ ပုံစံမျိုးတွေ အစားအသောက်တွေကို ညီမ သဘောကျပါတယ်'' လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

play

 

စဝ်ယွန်းဝတီဦးအနေနဲ့ အလှမယ်တစ်ယောက်ဖြစ်ပေမယ့် သူကိုယ်တိုင်က အနေအေးတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို အားမရဘူးလို့ဆိုပါတယ်။ စကားများများပြောတတ်ပြီး သွက်သွက်လက်လက်ရှိတဲ့ ပုံစံဆိုရင်တော့ သူ့ကိုယ်သူ ပိုပြီးအားရမိမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

Photo:စဝ်ယွန်းဝတီဦးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD