နာမည်ကျော်အနုပညာရှင်များရဲ့ ဖေ့စ်ဘုတ်အကောင့် ခိုးယူခြင်းခံနေရတဲ့ သတင်းတွေကလည်း မကြာခဏဆိုသလို ထွက်ပေါ်နေတာဖြစ်ပြီး ဒီလိုအကောင့်ခိုးယူခြင်းခံနေရတဲ့ အပေါ် မိတ်ကပ်ပညာရှင်ခင်စန်းဝင်းက Duwun Media ကနေတဆင့် သူ့ရဲ့ သုံးသပ်မှုအမြင်တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

play

 

'' မကြီးတို့က ဖေ့စ်ဘုတ်ကို အသုံးပြုတယ်ဆိုတာကလည်း ကိုယ့်ရဲ့ Parsonal ထက်ကို လုပ်ငန်းနဲ့ပတ်သက်ပြီး သုံးဖြစ်တာများတယ်။ တစ်ခါ တစ်လေကျရင် မကြီးကို စိတ်ဝင်စားတဲ့သူ၊ စိတ်ပူပေးကြတဲ့ လူတွေက မကြီးရဲ့ Status တစ်ခု တင်တာကလွဲရင် တခြား သိပ်မသုံးဖြစ်ဘူး။ အဟက်ခံရတယ်ဆိုတာကတော့ တချို့လည်း လူမသိစေချင်တဲ့အကြောင်းအရာရှိမှာပါ။ တချို့ကျတော့လည်း Parsonal ကိစ္စပွင့်ပွင့်လင်းလင်း ပြောတာတွေရှိမှာပါ။ ဒါကတော့ နှစ်ဦးနှစ်ဖက် အပေးအယူတည့်လို့ပြောထားတဲ့အကြောင်းအရာကို တခြားသူ မသိတာ တော့ ပိုကောင်းတာ ပေါ့လေ ဒါပေမယ့်လည်းလည်း ဒီဘက်ခေတ်မှာ ဒါတွေက ခေတ်စားနေတာဆိုတော့ ဘာပြောလို့ ပြောရမှန်းတောင် မသိပါဘူး'' လို့ ဆိုပါတယ်။

play

 

ဖေ့စ်ဘုတ်အကောင့်အသုံးပြုတယ်ဆိုပေမယ့် ကိုယ့်အကြောင်းကို ဘယ်သူမှ မသိစေချင်ဘူးလို့ သူကဆိုပါတယ်။

 

'' မကြီးဆိုရင် ကိုယ့်အကြောင်းအရာကို ဘယ်သူ့မှ မသိစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ မကြီးရဲ့ စိတ်ခံစားမှု၊ မကြီးရဲ့ နေ့စဉ်ဖြစ်နေတဲ့ အကြောင်းအရာက မကြီးနဲ့ မကြီးနဲ့ပတ်သက်တဲ့လူပဲ သက်ဆိုင်တာလေ တခြားသူတွေနဲ့သက်ဆိုင်တာ မဟုတ်ဘူး။ တခြားသူတွေ သိသွားလို့ လည်း သူတို့အတွက် အကျိုးအမြတ်မရှိဘူး။ မကြီးအနေနဲ့ကတော့ အဲ့ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး ဒါပေမယ့် ပြောလိုက်လို့ အမြင်ကပ်ပြီး လုပ် သွားရင်လည်း မတက်နိုင်ဘူးလေ'' လို့ Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

play

 

ခင်စန်းဝင်းအနေနဲ့ ဖေ့ဘုတ်အသုံးပြုတယ်ဆိုတာကလည်း အလုပ်ကိစ္စကို အဓိကထား အသုံးပြုတာဖြစ်လို့ ခိုးယူခံရတာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။ အကောင့်ဟက်ရင်လည်း ဘာမှ မရှိပါဘူးတဲ့ ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ကူး ထားတာ ဖြစ်ပြီး ပါဝင်ထားတဲ့ ကာရိုက်တာအပိုင်းကိုတော့ အားရကျေနပ်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

photo: ခင်စန်းဝင်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video