AD
AD
AD

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ အနုပညာစုံတွဲတစ်တွဲဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ အိမ်ထောင်တစ်ခု ထူထောင် ဖို့ဆိုတာ အစစအရာရာပြည့်စုံမှုရှိမှ ထူထောင်လို့ ရတာဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ရဲ့ အချစ်တွေကို နားလည်မှုတွေနဲ့ တည်ဆောက် ထားတယ်ဆိုတာကို Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

'' အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာက Perfect ဖြစ်မှထူထောင်လို့ရတာ Perfect ဖြစ်ပြီဆိုရင် ပရိသတ်တွေကို အသိပေးသွားမှာပါ။ ကျွန်တော်တို့ နှစ်ယောက်က တွဲနေတာတော့ကြာပါပြီ ပရိသတ်ကလည်း မသိသေးဘူး၊ ကျွန်တော်တို့ အနုပညာအသိုင်းအဝိုင်းကလည်း မသိသေးဘူး နောက်ပိုင်းကျတော့ ကျွန်တော်တို့ကို အွန်လိုင်းမီဒီယာတွေမှာပါလာတယ်။ ဒါကလည်း ပရိသတ်တွေကို မချပြတာ မဟုတ်ဘူး လိမ်ထားတာလည်း မဟုတ်ဘူး နောက်ပိုင်း အွန်လိုင်း မီဒီယာတွေမှာပါလာတဲ့အတွက်ရော ကျွန်တော်တို့ကိုယ်တိုင် ကလည်း ပရိသတ်ကို မလိမ်ချင်တဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်က ချပြလိုက်တာပါ'' လို့ သူကဆိုပါတယ်။

play

 

ချစ်သူဖြစ်တဲ့ ဆုအိမ့်စံကို နှစ်သက်မိတဲ့အကြောင်းအရာလေးတွေကိုလည်း သူရိယက အခုလိုဖွင့်ဟပြောပြခဲ့ပါတယ်။

 

'' သူ့ကို သဘောကျတာကတော့ ပွင့်လင်းတယ်ပေါ့နော်၊ ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ထဲမှာရှိတာတွေကို သံသယအနေနဲ့ မထားဘူး။ သံသယစိတ် တွေ ကြီးထွားလာရင် Relationship တစ်ခုက မတည်မြဲနိုင်ဘူး အဲ့ဒီတော့ သံသယစိတ်တွေ အရင်ဖျောက်ဖျက်ပစ်ရမယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ နှစ်ယောက် သံယောဇဉ်ခိုင်မာဖို့ ဖြစ်မှာပါ၊ နားလည်မှုဆိုတာကတော့ အချိန်တစ်ခု တည်ဆောက် ရတာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားက ကိုယ့်ရဲ့ သိက္ခာတစ်ခုပဲ အဲ့ဒါသာပျက်ပြားသွားရင် ယုံကြည်မှုဆိုတာ တည်ဆောက်လို့ မရတော့ဘူး'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

Photo: သူရိယဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD