မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးလည်းဖြစ်၊ အကယ်ဒမီသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ လူမင်းကတော့ ရုပ်ရှင်သင်းလုံး ကျွတ်ညီလာခံကျင်းပဖို့ အတွက် တက်တက်ကြွကြွဆောင်ရွက်နေတာတွေကို အားပေးတဲ့ အနေနဲ့စောင့်ကြည့်နေတယ်လို့ Duwun Media က နေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့် အနေနဲ့ကတော့ လိုအပ်တဲ့နေရာကနေ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဖို့အဆင်သင့်ပါပဲ၊ အခုလိုတက်တက်ကြွကြွ လုပ်နေကြတာကိုလည်း စောင့်ပဲ စောင့်ကြည့်နေပါတယ် အခု ဥက္ကဌအသစ်ဖြစ်လာတဲ့နောက် အိုင်ဒီယာရှိတဲ့အတိုင်း အားလုံးစည်းစည်းလုံးလုံး တက်တက်ကြွကြွရှိတာကိုကျွန်တော်က အားပေးတဲ့အနေနဲ့ပါ။ ကျွန်တော့်အနေနဲ့ကတော့ အားလုံးနဲ့ တန်းတူပါပဲ သီးသန့်ကြီး တင်ပြဖို့ဆိုတာတော့ မရှိပါဘူး'' လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်သင်းလုံးကျွတ်ညီလာခံကနေ တဆင့်ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကိုလည်း သရုပ်ဆောင်လူမင်းက အခုလိုပြောပြခဲ့ပါတယ်။

'' ဒါကတော့ အားလုံး ပူးပေါင်းပါဝင်ကြမယ်ဆိုရင်တော့ လောကအတွက်ကောင်းတဲ့အကြံဥာဏ်တွေ ထွက်လာမှာပဲလေ၊ အဲ့ဒီကနေပဲ ထွက်လာကြမှာပေါ့။ အားလုံးကို ခြုံပြောရရင်တော့ အားပေးတဲ့ပရိသတ်အတွက်ရော၊ ရုပ်ရှင်လောကအတွက်ရော ဗီဒီယိုဆိုတာ လိုအပ် နေသေးတယ်။ အခုလည်း ပရီစနစ်နဲ့ ၃၅၀ နဲ့ရောင်းနေတယ် ဆိုတာကိုလည်း ဈေးကွက်အသစ်ကို ဖော်ဆောင်တယ်လို့ အစ်ကိုတို့ အနေနဲ့ ထောက်ခံအားပေးတယ်'' လို့ဆိုပါတယ်။

play

 

ဗီဒီယိုဈေးကွက် စနစ်အသစ်ကို အားပေးတဲ့ သူ့အနေနဲ့ ဗီဒီယိုလမ်းကြောင်း ဖော်ဆောင်သွားနိုင်ဖို့အတွက် အခုလိုပြောပြခဲ့ပါတယ်။

 

'' တကယ် ကျေးလက်နေ မိဘပြည်သူ ပရိသတ်အနေနဲ့ ဗီဒီယိုကို တကယ်အားပေးပါတယ်။ သူတို့အတွက် ဖျော်ဖြေရေးဆိုတာ ဒါပဲရှိပါတယ် သူတို့အတွက်လည်း တကယ်ကို လိုအပ်ပါတယ်။ အစ်ကိုတို့ လောကအတွက်လည်း လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဗီဒီယိုလမ်းကြောင်း မဖြစ်မနေ ဖော်ဆောင်သင့်ပါတယ်'' လို့ လူမင်းက ပြောပါတယ်။

play

 

လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo: လူမင်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video