AD
AD
AD

သရုပ်ဆောင် မော်ဒယ်နွယ်ဒါလီထွန်းကတော့ ခရီးသွားအစီအစဉ်အနေနဲ့ ကယားပြည်နယ်ကို ခရီးထွက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွက် အရမ်း စိတ်လှုပ်ရှား နေတယ် ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အလှအပထက် တကယ့် Adventure ပုံစံမျိုးဖြစ်နေတယ်  အိပ်ရမှာဆိုရင်လည်း တကယ့်ကို တန့်ခ်ျလေးတွေနဲ့ အိပ်ရမှာမျိုး ဟိုတယ်လ်တွေ လည်း မရှိဘူး။ ကိုယ့်အိတ်ကိုယ်ဆွဲပြီးသွားရမယ့် ပုံစံမျိုးပေါ့ ပြီးတော့ ရာသီဥတုကလည်း ဒီဇင်ဘာလထဲမှာဆိုတော့ အဲ့ဒီဘက်က အရမ်းအေး တယ်။ စိတ်လှုပ်ရှားမိတယ် ဘယ်လိုမျိုးအခက်အခဲတွေ ကြုံမလဲဆိုတာ ဘယ်လိုမျိုး ပျော်ရွှင်စရာတွေရှိမလဲပေါ့နော်။ ပြီးတော့ သဘာဝ ရှုမျှော်ခင်း တွေပေါ့ အဲ့ဒါလေးတွေကို ဓာတ်ပုံထဲမှာ ကြည့်တာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်'' လို့ ဆိုပါတယ်။

play

 

ခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ နွယ်ဒါလီထွန်းကတော့ သူသွားမယ့် ခရီးစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအုပ်တွေဖတ်ရင်း လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

 

'' သူတို့ အစားအသောက်တွေ ဘယ်လိုစားတယ်၊ တချို့ဆိုရင် မြန်မာစကားတွေ သူတို့မပြောတတ်ဘူး၊ တချို့ဒေသလေးတွေကဆိုရင် မြန်မာလိုပြောလို့ မရတာတွေလည်းရှိတယ်။ အဲ့ဒီအတွက် ဘာသာပြန်တွေလည်း သူတို့ ခေါ်ပေးထားပါတယ် လူတိုင်းမသိသေးတဲ့ နေရာလေး တွေ လည်း ရှိတော့ ပရိသတ်ကိုဖော်ပြပေးရမှာဆိုတဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ် ဂုဏ်လည်း ဂုဏ်ယူမိတယ်'' လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။

play

 

ကယားပြည်နယ်ရဲ့ ခရီးသွားအစီအစဉ်ကို ဒါရိုက်တာကိုပေါက်က ရိုက်ကူးမှာဖြစ်ပြီး ပါဝင်သွားမယ့်အနုပညာရှင်များအနေနဲ့ သရုပ်ဆောင် မင်းသွေး၊ သားငယ်၊ နန်းခင်ဇေယျာ၊ နွယ်ဒါလီထွန်း တို့က ခရီးစဉ်တစ်လျှောက်လုံး ပါဝင်သွားမယ်လို့ သိရပါတယ်။ ကယားပြည်နယ် ခရီးစဉ် ကိုတော့ ဒီဇင်ဘာလ ပထမအပတ်မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo: နွယ်ဒါလီထွန်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD