ပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင် စုံတွဲတစ်တွဲဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ချစ်သူ နှစ်ယောက်ဖြစ်ပြီး သူရိယကလည်း စိတ်ချမ်းသာအောင်ထားတဲ့အတွက် အေးချမ်းတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲနားလည်ပေးတယ်၊ ဆုဆုကိုလည်း စိတ်ချမ်းသာအောင်ထားတယ်။ အရမ်းလည်း အဆင် ပြေ တယ် တော်ရုံတန်ရုံ ရန်ဖြစ်တာမျိုးတွေလည်း မရှိဘူး'' လို့ ဆိုပါတယ်။

play

 

ချစ်သူဖြစ်တဲ့ သူရိယကလည်း ဆုဆုကို စိတ်ချမ်းသာအောင်ထားလို့ အေးချမ်းတာပေါ့ ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

'' သူကတော့ ဆုဆု စိတ်တိုင်းကျပဲပေါ့ အရာအားလုံးကို ဆိုရင်လည်း ဆုဆုကို စိတ်ချမ်းသာအောင်ထားတာက အဓိကပဲ၊ သူနဲ့ကျတော့ စိတ်အေးချမ်းတာပေါ့။ အမြဲတမ်းအလိုလိုက်တယ်၊ သူ့ကို အားပေးတဲ့သူတွေလည်း ရှိသလို ဆုဆုကို အားပေးတဲ့သူတွေလည်း ရှိပါတယ်။ ဆုဆုတို့ နှစ်ယောက်ကတော့ အေးအေးချမ်းချမ်းပါပဲ။ တချို့ ပရိသတ်တွေကလည်း နှစ်ယောက်စလုံးကို အားပေးကြပါတယ်'' လို့ ဆုအိမ့်စံက ပြောပါတယ်။

play

 

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

Photo: ဆုအိမ့်စံ ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video