AD
AD
AD

အဆိုတော်ချမ်းချမ်းကတော့ လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ အိမ်ထောင်ရေးကနေ သမီးလေးအတွက် အကောင်းဆုံးကြိုးစားနေတယ်၊ မာနတွေ၊ သိက္ခာတွေ မပါတဲ့ မိသားစုဘဝလေးပြန်လည်တည်ဆောက်ဖို့ဆိုတာကလည်း ခွင့်လွှတ်ခြင်း၊ ခွင့်မလွှတ်ခြင်းဆိုတာထက် ခင်ပွန်းရဲ့စိတ်က အရေးအကြီးဆုံးပါ ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အစ်မ သမီးလေးမှာက အဖေရော၊ အမေရော လိုအပ်တဲ့အချိန်ပေါ့နော် အရမ်းလည်းငယ်ပါသေးတယ်။ ဒါပေမယ့် အစ်မတို့ နှစ်ယောက်စလုံး က ကတိပေးနိုင်တာတစ်ခုကတော့ သမီးအတွက် အစ်မလည်းအကောင်းဆုံးကြိုးစားနေတယ်၊ သူလည်းဖခင်ကောင်းတစ်ယောက် ပါ။ ဘယ်လို ကိစ္စမျိုး အခြေအနေမျိုးဖြစ်ဖြစ် အပြစ်လည်း မတင်ချင်ဘူး။ ဒါပေမယ့် အစ်မကို  ခိုင်မာတဲ့သစ္စာ ကတိမပေးနိုင်သ၍ကတော့ အစ်မ သမီးလေးနဲ့ နှစ်ပါး သွားနေရဦးမှာပဲ၊ ဒါဟာ မာန် မာနတို့၊ သိက္ခာတို့နဲ့ မဆိုင်ပါဘူး။ နားလည်မှုတစ်ခုရှိဖို့ သစ္စာရှိဖို့ကတော့ ဘယ် အိမ်ထောင်သည်မဆို လိုချင်ကြတာဖြစ်တဲ့အတွက် သူ ဒါလေးတွေ အစ်မအတွက်လုပ်ပေးနိုင်တယ်ဆိုရင် အစ်မနဲ့ သမီးလေးက သူ့အတွက် အမြဲတမ်းရှိနေမှာပါ။ ခွင့်လွှတ်ခြင်း မခွင့်လွှတ်ခြင်းဆိုတာထက် သူ့ရဲ့ စိတ်က အရေးကြီးတာပါ'' လို့ ချမ်းချမ်းက Duwun Media ကနေ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

play

 

၎ နှစ်တာဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးမှာ ၃ နှစ်လောက်က ပျော်ရွှင်ခဲ့ရပြီး တစ်နှစ်အတွင်းမှာ မိသားစုပြဿနာတွေရှိခဲ့တာကြောင့် ပြန်လည် ညှိနှိုင်းလို့မရတဲ့အခြေအနေအပေါ် ဆုံးဖြတ်ချက်ချခဲ့တဲ့ သူ့ရဲ့ခံစားချက်ကိုလည်း အခုလိုရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' အစ်မတို့မိသားစု အရင်တုန်းက ၃ နှစ်တုန်းကဆိုရင် အစ်မအရမ်းပျော်ခဲ့တာပဲ ဒီတစ်နှစ်အတွင်းမှာသာ အစ်မမိသားစုမှာ ဒီလိုပြဿနာတွေ ဖြစ်ခဲ့တာအစ်မလည်း ညှိခဲ့တယ် ဘယ်လောက်ပဲ ညှိညှိတစ်ယောက်နဲ့တစ်ယောက်က ပွင့်လင်းမှု၊ ရိုးသားမှုမရှိဘူးဆိုရင် ညှိတာအလကားပဲလေ သူခံစားနေရ တာတွေက အခုမှ အစ်မသိလာရတယ်ဆိုကတည်းကိုက တော်တော်လေး စိတ်မကောင်းဖြစ်ဖို့တော့ကောင်းတယ်။ ၄ နှစ်တောင် ပေါင်းလာခဲ့တဲ့ လူတစ်ယောက်က အခုမှ သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုအစ်မ သိရတယ်၊ သူလိုအပ်နေတဲ့အချက်က ဒါပဲလား ဒါပဲဆိုရင် အစ်မအတွက်က ပြုပြင်ဖို့ မခဲယင်းဘူး'' လို့ဆိုပါတယ်။

play

 

လွယ်လွယ်နဲ့ပြန်တည်ဆောက်လို့မရတဲ့ မိသားစုတစ်စုအတွက် ချမ်းချမ်း လိုချင်တဲ့ အရာတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

''ဒါပေမယ့် အစ်မအတွက်ကျတော့ အစ်မလိုချင်တဲ့ အချက်ကို သူက ကျူးလွန်ခဲ့တာဆိုတော့ အဲ့ဒီအချက် ကို ဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင် မလဲဆိုတာတော့ အစ်မအချိန်ယူရဦးမှာ မိသားစုတစ်စုကို လွယ်လွယ်နဲ့ပြန်တည်ဆောက်ဖို့က အစ်မအတွက် တော့ မလွယ်ဘူး ။ ခွင့်မလွှတ်ဘူး ဆိုတာထက် အစ်မ ရပိုင်ခွင့် ၁၀နှစ်တာ ရင်းနှီးခဲ့ရတဲ့ ယောက်ျားတစ်ယောက်ဆီကနေ ၄ နှစ်တာအိမ်ထောင်ပြုခဲ့တဲ့ ယောက်ျား တစ်ယောက် ဆီကနေ ကတိတစ်ခု၊ သစ္စာတစ်ခု လိုချင်တယ်'' လို့ ချမ်းချမ်းက ပြောပါတယ်။

play

 

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၄ နှစ်မြောက်ရှိပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မှာ ခင်ပွန်း ဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: ချမ်းချမ်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD