AD
AD
AD

ပရဟိတအလုပ်ကို အဖွဲ့အစည်းအနေနဲ့မဟုတ်ပဲ ကြုံရင်ကြုံသလို လုပ်ပေးဖြစ်တယ် ဆိုတဲ့ အဆိုတော်ဇွဲပြည့်ကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ ကလည်း မွေးနေ့အကြိုအဖြစ် ပရဟိတအလှူတစ်ခု လုပ်ခဲ့ပါတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ စိတ်နေသဘောထားကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့်စီးပွားရေးက အဆိုလိုင်းဆိုတော့ ကျွန်တော်သီချင်းဆိုလို့ ရတဲ့ငွေတွေက ကျွန်တော့်ပရိသတ်တွေက ပေးလို့၊ ကျွန်တော့်ကို ခေါ်ကြ၊ ငှားကြလို့ ရလာတဲ့ ပိုက်ဆံတွေပေါ့။ အဲ့ဒါတွေကို ကျွန်တော်တစ်ယောက်တည်း သုံးရမှာ တရားမမျှတသလိုခံစားရတယ်။ အဲ့ဒါကြောင့် ကျွန်တော် ရတဲ့ ပိုက်ဆံထဲကနေ ဖဲ့ပြီးတော့ လှူတာလေးတွေရှိတယ်။ အမြဲတမ်းလိုလို လှူဖြစ်တယ် ကြုံရင် ကြုံသလို လှူဖြစ်တယ်။ ဖော်ပြပြီး လှူတာထက်စာရင် ဘာမှမပြောပဲ လှူလိုက်တာတွေလည်း အများကြီးရှိတယ်'' လို့ သူကဆိုပါတယ်။

play

 

အလှူတစ်ခု လှူဒါန်းလိုက်ရတဲ့ အကျိုးကြောင့် သူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုလည်း အခုလို ဖွင့်ပြောပြခဲ့ပါတယ်။

'' ကိုယ်လှူလိုက်တဲ့အချိန်အခါမှာ ဖြစ်သွားတဲ့ စိတ်ကလေးကို အရမ်းသဘောကျတယ်။ ကြည်လည်းကြည်နူးမိတယ်။ ကိုယ် လှူလိုက်တဲ့ အရာတစ်ခုက အကျုံးဝင်သွားတယ်၊ တစ်ခုခု အသုံးဝင်နေတယ်ဆိုရင် အရမ်းဝမ်းသာမိတယ်။ အများကြီးလည်း လှူချင်ပါတယ် တကယ်အဓိက လိုအပ်နေတဲ့နေရာလေးတွေ လှူချင်တယ်။ ပြီးတော့ အမြန်လမ်းပေါ်က မိဘမဲ့ကျောင်းလားမသိဘူး တော်တော်လိုအပ်နေတယ်လို့ပြောတယ်။ အဲ့ဒီနေရာကိုလည်း သွားပြီး လှူဖို့ရှိတယ်'' လို့ ဇွဲပြည့်က ပြောပါတယ်။

play

 

အဆိုတော် ဇွဲပြည့်အနေကတော့ ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့အတူ မကြာခဏအလှူအတန်းတွေလုပ်ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းကလည်း မွေးနေ့အကြိုအနေနဲ့ ကျိုက်ဝိုင်းဘုရားအနီးက မိဘမဲ့ကလေးကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD