အလှမယ် ပြည့်ဝတီမောင်အနေနဲ့ Facebook အကောင့်အဟက်ခံနေရတဲ့ သတင်းတွေကြောင့် သူ့ရဲ့ Facebook အကောင့်ကိုလည်း ခိုးယူခံရမှာ စိုးရိမ်တဲ့အတွက် သူ့အကြောင်းကိုသိချင်ရင် သူ့ကို တိုက်ရိုက်လာမေးပါလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အရင်ရက်ပိုင်းက ဘန်ကောက်သွားတုန်းက ညီမ Facebook ကို အရမ်း ဟက်ကြတယ်။ ဒါကိုလည်း ညီမအရမ်းဝမ်းနည်းတယ်။ ကိုယ်လည်း လူတိုင်းနဲ့ အဆင်ပြေအောင်နေတယ်။ အမုန်းပွားအောင်လည်းမနေဘူး ။ ဒါပေမယ့် အဲ့ဒီရက်ပိုင်းမှာဖြစ်သွားတာက Facebook မှာ ဝမ်းနည်း စရာလေးတွေ တင်ဖြစ်တော့ အဲ့ဒီအကြောင်းကိုပဲ သူတို့က သိချင်ကြတာလားပေါ့။ ပရိသတ်တွေနဲ့ဆိုရင်လည်း မောင်နှမလိုပဲ နေတယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့ ပြည့်ဝတီမောင်က အကောင့်အခိုးခံရသူရဲ့ဘက်က ခံစားချက်ကိုလည်း ဟက်ကာတွေက နားလည်စေချင်တဲ့အကြောင်းရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ညီမအကြောင်းကို သိချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းမေးပါ။ Facebook အကောင့် ဟက်ပြီးမှ သိရတာမျိုးတွေဆိုရင်တော့ သိပ်ပြီး သဘောမကျဘူး။ လူတိုင်းမှာ Private ဆိုတာတော့ ရှိမှာပဲလေ သူတို့လည်း သူတို့ Private ကို ချိုးဖောက်ရင်ကြိုက်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ ညီမပြောချင်တာက ဒီအကောင့် ဟက်တဲ့သူတွေကလည်း ဘယ်လိုစိတ်ကူးနဲ့ ဟက်နေလဲတော့ မသိဘူး တစ်ဖက်မှာ ခံစားနေရတဲ့သူရဲ့ ခံစားချက်ကိုတော့ နားလည်ပေးစေချင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ပြည့်ဝတီမောင်အနေနဲ့ အခုလက်ရှိ သုံးနေတဲ့ Facebook အကောင့်ကလည်း Miss Universe ပြိုင်ပွဲပြီးတုန်းကလည်း  ပရိသတ်အချင်းချင်း ရန်ဖြစ်ကြရင်းနဲ့ Facebookအကောင့်ကို Report အထုခံခဲ့ရတယ်လို့ဆိုပါတယ်။

photo: ပြည့်ဝတီမောင်ဖေ့ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video