AD
AD
AD

ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေလက်ခံအားပေးလာတဲ့ ပိုပိုဟေသာကတော့ အောင်မြင်တဲ့တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ဇဝါရဲ့ မျိုးဆက်သစ် သမီးတစ်ယောက်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူကလည်း အနုပညာလောကထဲကို ဝင်ဖို့ အထောက်အပံ့ပေးတယ်ဆိုတာကို Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

play

 

'' ဟေသာ့ အဖေငယ်ငယ်လေးကတည်းကရေးထားတဲ့ သီချင်းတွေလည်းရှိပါတယ်။ ဟေသာပြန်ဆိုချင်တဲ့ သီချင်းတွေလည်းရှိပါတယ်။ ဒါပေ မယ့် သီချင်းအသစ်တွေကို ပိုပြီးလုပ်ဖို့ စိတ်ကူးရှိပါတယ်။ အဖေကတော့ ဟေသာ အနုပညာလောကထဲကိုလာဖို့ အများကြီး အထောက်အပံ့ ပေးပါတယ်။ ဖေဖေ ရှိနေခြင်းဟာ ဟေသာ့အတွက် အများကြီးလွယ်ကူစေတယ်။ ကြိုးစားမှုအပိုင်းမှာဆိုရင်လည်း လုံးဝမလျော့စေပါဘူး ဟေသာ့ ကို သမီးတစ်ယောက်ဆိုပြီးတော့ တွေးတာထက် အနုပညာအလုပ်ကိုလုပ်နေတဲ့ ကလေးတစ်ယောက်လိုမျိုး ကြိုဆိုပေးတာပါ။ သားအဖ ဆိုတာမျိုးမဟုတ်ပဲ အနုပညာလုပ်နေတဲ့သူအချင်းချင်း ဆိုတဲ့ အမြင်နဲ့ပဲ လုပ်ကြတာပါ'' လို့ သူက ဆိုပါတယ်။

play

 

ဖခင်ဖြစ်သူက အောင်မြင်တဲ့တေးရေးဆရာဖြစ်လို့ ဂီတအလုပ်ကို ကြိုးစားနေရတဲ့အပိုင်းက စိတ်ဖိစီးမှု မရှိတဲ့အပြင် တေးရေးဆရာတစ်ယောက် ဖြစ်နေတဲ့ပအတွက် အရမ်းပျော်တယ်လို့ သူကဆိုပါတယ်။

'' အဖေ့ရဲ့ အောင်မြင်မှုကြောင့်လည်း စိတ်ဖိစီးတာမျိုးတွေမရှိပါဘူး။ အဖေက တေးရေးဆရာတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် အရမ်း ပျော်ပါတယ်။ ဟေသာ့ကို ငယ်ငယ်လေးကတည်းက အခုချိန်ထိ လိုအပ်သမျှကိုလည်း သင်ပေးတဲ့အတွက် အရမ်းလည်းပျော်ပါတယ်။ ဖေဖေနဲ့ ဟေသာနဲ့ က ဟိုးအရင်ကတည်းကသီချင်းတွေ အတူတူလုပ်ခဲ့ကြတယ်။ အခုလည်း ဟေသာ့ရဲ့ အခွေအသစ်ထဲမှာ ဖေဖေရေးထားတဲ့ သီချင်းတွေလည်းပါတယ်။ ဟေသာရေးထားတဲ့ သီချင်းတွေလည်း ပါတယ်'' လို့ ပိုပိုဟေသာက ပြောပါတယ်။

play

 

အဆိုတော်ပိုပိုဟေသာကတော့ တေးရေးဆရာ ဇဝါ ရဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ချစ်တဲ့စိတ်ဆိုတာ သီချင်းနဲ့ ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပြီး ဂီတဘက်မှာအောင်မြင်ဖို့ကြိုးစားနေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Photo: ပိုပိုဟေသာဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD