AD
AD
AD

7 Even Sence ရုပ်ရှင်ထုတ်လုပ်ရေး အနေနဲ့ နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ ရဲတိုက်၊ မြင့်မြတ် နဲ့ ရွှေထူးတို့ ပါဝင်သရုပ်ဆောင်သွား မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးဖို့ရှိတယ်လို့ သိရပါတယ်။ ကိုယ်တိုင်ကလည်း သဘောကျနှစ်သက်တဲ့ မင်းသားဖြစ်လို့ ရိုက်ချင်တာပါလို့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က Duwun  Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ရဲတိုက်နဲ့ ရွှေထူးနဲ့ကတော့ ညှိထားတုန်းရှိပါသေးတယ်။ ရဲတိုက်ဆိုတာကလည်း ကျွန်တော်ကိုယ်တိုင်ကအားပေးတဲ့ မင်းသားတစ်ယောက် လည်း ဖြစ်တယ်။ သူလွတ်မြောက်လာတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်က ရိုက်ချင်တာပါ ရဲတိုက်နဲ့ပဲပြောရသေးတယ် ဆာတိုရီနဲ့မပြောရသေး ဘူး။ ဒါပေမယ့် သူတို့ကိုလည်း ရဲတိုက်ကနေ တဆင့်အကြောင်းတော့ကြားထားတယ်'' လို့ ကိုဝေမင်းမောင်ကပြောပါတယ်။

play

 

ရဲတိုက်နဲ့ ရွှေထူးတို့ရဲ့ ကာရိုက်တာ အားပြိုင်မှုတွေအပြင် မင်းသား ၃ယောက် ဇာတ်ဖြစ်တာကြောင့် မြင့်မြတ်ကိုလည်း ရွေးချယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' အချစ်ရိုးမန့် ဒရာမာပုံစံမျိုးတွေရိုက်မှာပါ။ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုတွေ၊ အဲ့ဒီလိုပုံစံလေးတွေပဲ ရိုက်ဖြစ်ဖို့များတယ်။ အဓိက ကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ဇာတ်လမ်း ၊ ကျွန်တော်သိမ်းထားတဲ့ ဇာတ်လမ်းက မင်းသားက ၃ ယောက်ဇာတ်လမ်းဖြစ်နေတယ်။ ရဲတိုက်ရယ်၊ ရွှေထူးရယ် ရိုက်မယ်လို့ လုပ်ထားတဲ့အချိန်မှာ မြင့်မြတ်နဲ့လည်း ရိုက်မယ်လို့ စီစဉ်ထားတယ်။ မြင့်မြတ်ရော၊ ရွှေထူးရော၊ ရဲတိုက်ကိုရော အသိပေးထားပြီး ပြီ။ သူတို့လည်း အဲ့ဒီဇာတ်ကို ကြိုက်တယ်'' လို့ ဆိုပါတယ်။

play

 

သုံးယောက်စလုံးသဘောကျတဲ့ ဇာတ်ဖြစ်တာကြောင့် အားလုံးအဆင်ပြေရင် စတင်ရိုက်ကူးသွားမယ်လို့ ကိုဝေမင်းမောင်က ပြောပါတယ်။

'' ရဲတိုက်နဲ့ ရွှေထူးနဲ့ တွဲတာကိုလည်း ကျွန်တော်ကိုယ်တိုင်က ကြည့်ချင်တယ်။ မြင့်မြတ်ကလည်း  ရဲတိုက်နဲ့ ရွှေထူးနဲ့ အတွဲကိုသဘောကျတယ်။ ရဲတိုက် နဲ့ မြင့်မြတ်ဆိုတာလည်း သူ့အနုပညာနဲ့သူ သဘောကျ ကြတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ သုံးယောက်ရဲ့ တွဲဖက်လေးကတော့ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းတော်တော်လေး များနေပါတယ်။ ဆာတိုရီထုတ်လုပ်ရေးက အကြောင်းပြန်လာရင် ဇာတ်ကားစရိုက်တော့မှာပါ'' လို့ သူကဆိုပါတယ်။

play

 

7 Even Sence ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ၂၀၁၇ ခုနှစ်အတွင်းမှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားလျှက် ရှိပြီး ပထမဆုံးရုံတင်တဲ့ ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေအားပေးမှု ရရှိခဲ့သလို နောက်ဆုံးရုံတင် ထားတဲ့ ပက်ပက်စက်စက် ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုများ ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

Photo: ကိုဝေမင်းမောင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD