AD
AD
AD

သရုပ်ဆောင် စည်ဖြိုးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားတွေရိုက်ကူးနေရတဲ့ စည်ဖြိုး ကတော့ သူ့ရဲ့ အနုပညာလုပ်ကွက်တွေကို ပရိသတ်က ဆုံးဖြတ်မယ်လို့ Duwun media ကနေ ပြောပြ ခဲ့ပါတယ်။

play

 

'' ခလုတ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိပါတယ်။ ခလုတ် ဇာတ်ကားက အခုတော့ မပြောချင်သေးပါဘူး၊ ဇာတ်ကားထဲမှာက ဘယ်သူပဲ ဖြစ်ဖြစ်မကောင်းတာလုပ်တိုင်း တစ်နေ့မဟုတ် တစ်နေ့ ခလုတ်တော့ တိုက်တတ်ကြတာပဲ ဆိုတဲ့ အကြောင်းလေးပါ။ အနုပညာလုပ်ကွက် အနေ နဲ့ ကတော့ ပရိသတ်က ဆုံးဖြတ်ပါလိမ့်မယ်'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားတွေ ဆက်တိုက်မရိုက်ဖြစ်တာတွေက အဆက်ပြတ်တာ မဟုတ်ပဲ ပြင်ဆင်နေတာပါဆိုတဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။

'' အတတ်နိုင်ဆုံးတော့ အမြင်လည်းဆန်းအောင်၊ အထူးသဖြင့် ပေါကားလည်း မဖြစ်အောင် ပရိသတ်အတွက်လည်း ရိုးမသွားအောင် ကျားကုတ် ကျားခဲ ကြိုးစားနေကြပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ် မပြတ်ဘူးဆိုတာကို အာရုံထဲ မထားဘူး။ အဆက်ပြတ်ခြင်း မပြတ်ခြင်းကို အရေးထားလို့ ပေါကားဖြစ်သွားတာ။ အဆက်ပြတ်ရခြင်းအကြောင်းက ပြင်ဆင်ရလို့ အရည်အသွေးကောင်းဖို့ အရည်အသွေးကို ဦးစားပေးရမယ်။ ပရိသတ်အတွက် ပြင်ဆင်နေတာပါ'' လို့ သရုပ်ဆောင် စည်ဖြိုးက ပြောပါတယ်။

play

 

သရုပ်ဆောင်စည်ဖြိုးကတော့ အခုလက်ရှိမှာ ဒါရိုက်တာသားညီရိုက်ကူးနေတဲ့ သန်းခေါင်ယံ မိတ်ဆုံစားပွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ရိုက်ကူးနေတာဖြစ်ပြီး အသက်မရှိတဲ့သူတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: စည်ဖြိုးဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD