ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာစင်ရော်မောင်မောင် ကတော့ ဒေါက်တာခင်မောင်ဝင်းကိုယ်တိုင်ရေးသားထားတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ဖန်တီးရိုက်ကူးတဲ့အခါ အမေကိုချစ်တဲ့ သားတစ်ယောက်ရဲ့ ဆန္ဒနဲ့ နှလုံးသားကို ရိုက်ခဲ့တာပါဆိုပြီး မီဒီယာတွေကနေတဆင့် ဖွင့်ဟပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားဟာ ပြည်တွင်းပြည်ပ ပြမယ်။ ကျွန်တော်တို့ ဆရာကြီးတို့ မရှိတော့တဲ့အချိန်မှာလည်း ကမ္ဘာတည်သ၍ ရှိစေချင်တယ်။ ဒါကလည်း ဆရာကြီးရဲ့ အမေအတွက်ပါ ကျွန်တော်လည်း ကျွန်တော့်အမေကို ချစ်တဲ့ သားတစ်ယောက်၊ ဆရာကြီးလည်း အမေကိုချစ်တဲ့ သားတစ်ယောက် ဒီခံစားချက်နဲ့ နှလုံးသားကို ရိုက်ခဲ့တာပါ။'' လို့ သူကဆိုပါတယ်။

play

 

ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာလည်း သွားရောက်ပြသဖို့ ရည်ရွယ်ထားတယ်လို့ စင်ရော်မောင်မောင်ကဆိုပါတယ်။

'' ဒီဇာတ်ကားကို မြန်မာပြည်မှ ပြပြီးရင် နံပတ် ၁ စင်္ကာပူမှာ ပြမယ်။ နံပတ် ၂ ဆန်ဖရန်စ္စကို နယူးယောက်မှာ ပြမယ်။ နံပတ် ၃ ထိုင်းမှာ မြန်မာ ၂ သန်းရှိတယ်။ ထိုင်းလို စာတန်းထိုးပြီးပြမယ်။ နံပတ် ၄ က လန်ဒန်မှာ ပြမယ်။ နံပတ် ၅ အစီအစဉ်အရ အထူးအနေနဲ့ အိန္ဒိယနိုင်ငံမှာ ပြမယ်။ အခုချိန်မှာလည်း သိန်း ၁၀၀၀ ၊ ၁၅၀၀ ရိုက်နေကြတဲ့အချိန်မှာ သိန်း ၂၈၀၀ ကုန်နေပြီ။ ရုံတင်တာနဲ့ဆိုရင် ၃၀၀၀ ကုန်မယ် ကျွန်တော် ထင်ပါတယ်။ ဆရာကြီးစေတနာ အကျိုးပေးမှာပါ'' လို့ ဆိုပါတယ်။

play

 

၁၂ နှစ်ကြာဝေးကွာနေတဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်၊ အကယ်ဒမီမေသန်းနု၊ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ ပြန်လည် ဆုံစည်း ဖန်တီး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အမှတ်တရများလည်း ရှိပြီး ဇာတ်ကားရိုက်ကူးခွင့် ပြုတဲ့အပေါ် ကျေးဇူးတင်တယ်လို့လည်း မီဒီယာ တွေကတဆင့်  စင်ရော်မောင်မောင်က ပြောပြခဲ့ပါတယ်။

Photo:့  စင်ရော်မောင်မောင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video