သရုပ်ဆောင် ထွန်းကိုကို ကတော့ အခုလက်ရှိမှာ ပရိသတ်မြင်နေကြမဟုတ်တဲ့ ကာရိုက်တာ ခပ်ကြမ်းကြမ်းတစ်ခုကို သရုပ်ဆောင်နေရတယ် လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' လက်ရှိက ကျွေးတဲ့လက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်နေတယ်။ ဒါရိုက်တာကတော့ ဦးစတီးလ်ပါ။ ဒီဇာတ်ကားထဲမှာလည်း ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါပဲ ပိတ်ကားလေးပေါ်ရောက်ရင်အားပေးပါလို့။ နှုတ်ခမ်းမွှေးရော၊ မုတ်ဆိတ်မွှေးထားတာရော ဒီဇာတ်ကား အတွက်ပါ။ ကတုံးဆံပင်ပေါက် ထားတာက အစ ဒီဇာတ်ကားအတွက် လုပ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။

play

 

ရဲကာရိုက်တာကိုပဲ လူသိများတဲ့ ထွန်းကိုကို က လောလောဆယ်မှာ ရဲကာရိုက်တာကို ပင်စင်ပေးထားတယ်လို့ ဆိုပါတယ်။

'' ကျွန်တော့်ကို မြင်လည်း ရဲသရုပ်ဆောင်တဲ့ လူလို့ပဲ မြင်တယ်။ ကြားထဲမှာလည်း ရိုက်ဖြစ်တဲ့ ကာရိုက်တာက ရဲ ပုံစံပိုများတယ်။ အခု လောလောဆယ်တော့ ရဲကာရိုက်တာကို ခဏပင်စင်ပေးထားပြီးတော့ နည်းနည်းကြမ်းကြမ်းတမ်းတမ်းတွေ ရဲနဲ့မတူတဲ့ ကာရိုက်တာမျိုးတွေ ဆက်ပြီးတော့ လုပ်နေပါတယ်။ တစ်ကားနဲ့ တစ်ကားမတူအောင် ကာရိုက်တာရော၊ ဒီဇိုင်းရော ပြောင်းသွားမယ်။ အခြောက်ကာရိုက်တာကလွဲလို့ပေါ့နော်'' လို့ ထွန်းကိုကို က ပြောပါတယ်။

play

 

အခြောက်ကာရိုက်တာ မရိုက်ဖြစ်ရခြင်းအကြောင်းကိုလည်း ထွန်းကိုကိုက အခုလိုပြောပြခဲ့ပါတယ်။

'' ကိုယ်နဲ့လည်း မလိုက်ဖက်ဘူးထင်လို့ပေါ့နော်။ ကိုယ်လည်း မလုပ်နိုင်လောက်ဘူးထင်တယ် ဒီလိုပုံစံမျိုးကြီးတွေ လုပ်ရင်လည်း ကိုယ့်အရပ် အမောင်းကြီးနဲ့တော်တော်လေးကို ဆိုးမယ်လို့ထင်တယ်။ အဲ့ဒီအတွက် ဒီကာရိုက်တာကိုတော့ လောလောလတ်လတ် ခဏလေးဖယ်ထားပြီး တခြား ကာရိုက်တာကိုပဲ ကြိုးစားကြည့်မယ်''လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင် ထွန်းကိုကို ကတော့ အခုလက်ရှိရုံတင်ပြသတော့မယ့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကားထဲမှာ ဒေါက်တာခင်မောင်ဝင်းရဲ့ တပည့် တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo: ထွန်းကိုကို ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video