အာဒံများနှင့် နံရိုးများ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အောင်မြေနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သွားမယ့် သရုပ်ဆောင်တွေကလည်း Duwun media ကနေတဆင့် သူတို့ပါဝင်ရမယ့် ကာရိုက်တာလေးတွေနဲ့ မိတ်ဆက်စကားဆိုခဲ့ပါတယ်။

play

 

ဒါရိုက်တာ ကိုဇော်(အာရုံဦး)

________________________

အိမ်ထောင်ရေးသင်ခန်းစာ အပေါ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတာလေးတွေကို အခြေခံပြီးတော့ သူတို့အသက်အရွယ်တွေကို ယူပြီးလုပ်နိုင်တဲ့ အားနဲ့ လုပ်ရတာပေါ့။ ဒီမှာက ဖောက်ပြန်ကြတာမဟုတ်ဘူး၊ လွတ်လွတ်လပ်လပ်ပေါ့ စိတ်ဖိစီးမှုရှိတဲ့အခါ ထွက်ပေါက်ရှာချင်ကြရင် ခွင့်တောင်းတယ်။ ခွင့်တောင်းလို့မရရင် ခိုးလုပ်ကြတယ်ပေါ့။

play

 

လူမင်း

__________

ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ နိုင်ငံခြားပြန် သဘောင်္သား၊ အူဝဲနဲ့ လင်မယားပေါ့။ ဒီဇာတ်ကားကတော့ အာဒံများနဲ့ နံရိုးများ ဆိုတဲ့ အတိုင်းပဲလင်မယား သုံးစုံတွဲရဲ့ လင်မယား ပဋိပက္ခလေးတွေပါပဲ။

play

 

မင်းမော်ကွန်း

___________

ကျွန်တော်ကတော့ ပြေတီဦးရဲ့ အစ်ကိုနေရာက သရုပ်ဆောင်ရမှာပါ။ ကျွန်တော်တို့ မိန်းမတွေကို ဘတ်ပြီးတော့ နေပြည်တော်မှာဆိုပြီးတော့ သွားပြီးတော့ သောင်းကျန်းနေတဲ့အချိန် နောက်ကျတော့ အိမ်က မိန်းမတွေကသိတော့ အဲ့ဒီပြဿနာလေးကနေ စပြီးတော့ အိမ်ပေါ်က ဆင်း ရင်း ကနေ နောက်ထပ်ပြဿနာတွေ ထပ်တက်ကြတာပေါ့။

play

 

အာဒံများနဲ့ နံရိုးများ ရုပ်ရှင်ဇာတ်ကားကြီးကို The Eye Movies Production က ထုတ်လုပ်ပြီး  ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ပုံဖော် သွားမှာဖြစ်ပြီး သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ မင်းမော်ကွန်း၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင် နဲ့ မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရန်ကုန်နဲ့ ငွေဆောင်ကမ်းခြေ မှာ နေရာ တည် ထားတယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video