AD
AD
AD

သရုပ်ဆောင်မင်းမော်ကွန်းကတော့ သူပါဝင်တဲ့ အငြိမ့်အဖွဲ့ဖြစ်တဲ့ နှင်းဆီအဖွဲ့သားတွေနဲ့အတူ တော်ဝင်ဂါးဒင်းမှာကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲအကြောင်းကိုလည်း Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ ၃၀ ရက်နေ့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ နှင်းဆီအဖွဲ့ ကဖို့ရှိပါတယ်။ အဲ့ဒါပြီးရင်လည်း ကျွန်တော်တို့ ပွဲကြီးလည်း ကဦးမှာပါ။ ဒီပွဲလေးကတော့ တော်ဝင်ဂါးဒင်းမိသားစုဆိုတာ ကျွန်တော်တို့အဖွဲ့ကို ပွဲတိုင်းအလိုလိုပံ့ပိုးပေးနေတဲ့ လက်တွဲဖော် ညီအစ်ကိုမောင်နှမတွေပေါ့ နော်။ အဲ့ဒီအတွက် မိသားစုပွဲလေးသဘောမျိုး ကဖို့ရှိတာပါ'' လို့ သူကဆိုပါတယ်။

play

 

နှင်းဆီအဖွဲ့အနေနဲ့ ဖျော်ဖြေရေးပွဲကြီးအတွက်လည်းပြင်ဆင်နေရတာဖြစ်တဲ့အတွက် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲ မှာလည်း ဖုန်းနဲ့ရိုက်ကူးခြင်းတွေ မပြုလုပ်ဖို့ မင်းမော်ကွန်းက အခုလိုပြောပြခဲ့ပါတယ်။

''ဲပြက်လုံး တွေကတော့ အခုကတည်းက ကျွန်တော်တို့ ကြိုတိုက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်မှ တစ်ပွဲပဲ ကတာဖြစ်တဲ့အတွက် ပျက်လုံးအသစ်လေးတွေကို စုထားတာလေးတွေရှိပါတယ်။ အဲ့ဒီပွဲမှာတော့ ဖုန်းနဲ့ရိုက်ကူးခြင်းတို့ Live လွှင့်ခြင်းတို့ ပြုလုပ်မှာမဟုတ်ပါဘူး။ အဓိက ကတော့ ပွဲကြီးကဖို့အတွက် ဦးတည်ပြီးတော့ လုပ်နေကြတာပါ။ အဲ့ဒီလို လုပ်နေရင်းမှ ကျွန်တော်တို့ လိုအပ်ချက်တွေ ပြန်ကြည့်ရင်း နဲ့လုပ်ရမှာပါ'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ၂၀၁၈ ခုနှစ်မှာ Rose Rider ရုပ်ရှင်ဇာတ်ကားကြီးရုံတင်သွားမှာဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: မင်းမော်ကွန်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD