ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖြစ်နေတဲ့ သရုပ်ဆောင်လူမင်းကတော့ အမေမဖြစ်ခင် အပျိုတစ်ခေတ်က ဆိုတဲ့ ဒရာမာရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့လက်ခံထားတယ်လို့သိရပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်မယ့် အကြောင်းအရာတွေနဲ့ သင်ခန်းစာပေးနိုင်မယ့် ရသအကြောင်းကိုလည်း Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်နဲ့ အမေမဖြစ်ခင် အပျိုတစ်ခေတ်က ဆိုတဲ့ ဒရာမာဇာတ်လမ်းရိုက်ပါမယ်။ ဇာတ်ကားထဲမှာ အစ်ကိုရယ်၊ ကိုကျော်ရဲအောင်ရယ်၊ ခိုင်သင်းကြည်ရယ်၊ သူရိယရယ်၊ ဆုအိမ့်စံရယ် ဒရာမာဇာတ်ကားဆိုတော့ သရုပ်ဆောင်တွေအများကြီးပါ ပါတယ်။'' လို့ ဆိုပါတယ်။

play

 

အမေမဖြစ်ခင် အပျိုတစ်ခေတ်က ဆိုတဲ့ဒရာမာရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဇာတ်ကားက ခိုင်သင်းကြည်ရဲ့ ဇာတ်ကို ကျွန်တော်တို့က ဝိုင်းရိုက်ပေးကြမှာပေါ့။ သူ့ရဲ့ ဘဝမှာ အမေမဖြစ်ခင် အပျိုတစ်ခေတ်မှာလည်း သူဖြတ်သန်းခဲ့ရတဲ့ အရာတွေကို ဘဝသရုပ်ဖော် ဒရာမာဇာတ်ကားအမျိုးအစားပါ။ ကျွန်တော်တို့ မြန်မာပရိသတ်တွေက မိသားစုဒရာမာ ဇာတ်ကားလေးတွေကိုကြိုက်တဲ့ပရိသတ်က အစဉ်အမြဲရှိပါတယ်။ ဟာသကို ကြိုက်တဲ့ပရိသတ်တွေကလည်း ရှိပါတယ်။ ရှေးတုန်းကဆိုရင် ဒရာမာခေတ်တစ်ခေတ်ကိုကျော်ဖြတ်ခဲ့ကြတဲ့ နှစ်တွေလည်း ရှိပါတယ်။ ဟာသကားတွေပဲ လွှမ်းမိုးတဲ့ခေတ်လည်း ဖြတ်ကျော်ခဲ့ဖူးပါတယ်။ ဒီ ၂ ခုစလုံးကတော့ ရုပ်ရှင်ပြေးလမ်းကြောင်းပေါ်မှာ တစ်ခါမှ ပျောက်မသွားဖူးဘူး'' လို့ လူမင်းကပြောပါတယ်။

play

 

သရုပ်ဆောင်လူမင်းကတော့ အခုလက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာ ကိုဇော်(အာရုံဦး)ရိုက်ကူးမယ့် အာဒံများနှင့် နံရိုးများ ရုပ်ရှင် ဇာတ်ကားမှာ အူဝဲ ရဲ့ ယောက်ျားအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးကလည်း အိမ်ထောင်ရေး ပညာပေး ဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။

Photo: Duwun , လူမင်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video