AD
AD
AD

သရုပ်ဆောင်မေကဗျာကတော့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ကွန်ပျူတာပန်းထိုးလုပ်ငန်းလုပ်ကိုင်နေသလို အနုပညာဘက်မှာလည်း ပရိသတ်တွေ နဲ့ အဆက်ပြတ်မသွားအောင် ကာရိုက်တာရွေးချယ်ပြီး ဇာတ်ကားတွေရိုက်ကူးနေတယ်ဆိုတာကို Duwun Media ကနေ ပရိသတ်တွေကိုပြောပြ ခဲ့ပါတယ်။

play

 

'' ဒီရက်ပိုင်းကတော့ သီချင်းဆိုဖို့တွေရှိနေတာပေါ့နော်။ ၉ ရက်နေ့မှာတော့ ကိုနိုင်းနိုင်း နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိပါတယ်။ ကဗျာကတော့ အခုနောက်ပိုင်း ကိုယ်ရိုက်ချင်တဲ့ဇာတ်ဆိုရင်တော့ ရိုက်ပါတယ်။ အခန်းနည်းတာ များတာတော့ သိပ်မရွေးချယ်ဘူး အခုရိုက်မယ့်ဇာတ်ကား ဆိုရင်လည်း အခန်းနည်းပါတယ်။ ဒါပေမယ့် ကိုနိုင်းနိုင်းနဲ့ မိသားစု ပုံစံလေးဆိုတော့ ရိုက်ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားတစ်ကားကို ရိုက်ကူးတဲ့အခါမှာ အခန်းနည်းတာများတာကို အဓိက မထားပဲ ကာရိုက်တာကို အဓိကရွေးချယ်ရိုက်ကူးသွားမယ့် မေကဗျာလို့ ပြောပြခဲ့ပါသေးတယ်။

'' အရင်လောက်တော့အများကြီးရိုက်ဖြစ်တော့မှာမဟုတ်ဘူး။ အရင်ကတော့ လာသမျှကားတွေရိုက် ကောင်းတာမကောင်းတာအရေးမကြီးဘူး။ အသက် ကလည်း ငယ်သေးတော့ ကောင်းတာမကောင်းတာမရွေးဘူး ကိုယ်များများရိုက်ရရင်ပြီးရော အလုပ်လုပ်ရရင်ပြီးရောဆိုပြီးတော့ ရိုက်တယ်။ အခုနောက်ပိုင်းကျတော့ ကိုယ်အသက်လည်းရလာတဲ့အခါမှာ အချိန်ပေးရတာခြင်းအတူတူ ကောင်းတာလေးကိုပဲ အချိန်ပေးချင် တယ်။ ကိုယ့်အတွက်အဆင်ပြေမယ့် ဇာတ်လေးတွေပဲ ရွေးဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ဇာတ်တွေဆို မရိုက်ဖြစ်ပါဘူး။'' လို့ မေကဗျာက ပြောပါတယ်။

play

 

သရုပ်ဆောင်မေကဗျာရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ နယ်ဖျော်ဖြေပွဲတွေ သီဆိုဖျော်ဖြေနေရတာဖြစ်ပြီး သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့ လည်း ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဘယ်လိုကာရိုက်တာမဆို ပီပြင်လွန်းတဲ့ ကာရိုက်တာတွေကြောင့် ပရိသတ်တွေကလည်း ဒီနေ့အထိထိုင် ချစ်ခင်အားပေးလျှက်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

photo: မေကဗျာဖေ့စ်ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD