အကယ်ဒမီဝါဝါအောင်ကတော့ ၂၀၁၇ ခုနှစ်က သူ့အတွက် ကံကောင်းတဲ့အရာလေးတွေလည်းရှိသလို အနုပညာအလုပ်လေးတွေပိုလုပ်ခွင့်ရတဲ့ နှစ်တစ်နှစ်ပါလို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။

play

 

'' အလုပ်နဲ့ပြောရမယ်ဆိုရင်တော့ အန်တီဝါ အလုပ်လေးတွေပိုလုပ်ရတယ်။ အန်တီဝါ့ကို ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေက နေရာလေးတွေပေးလာကြတယ် ကားကြီးတွေမှာလည်း လုပ်ခွင့်ရလာတယ်။ ဗီဒီယိုလေးတွေရိုက်ရင်လည်း အန်တီဝါ့ကို နေရာပေးပြီး တော့ ရိုက်လာကြတယ်၊ ဇာတ်လမ်းတွဲဆိုရင်လည်း အန်တီဝါလုပ်ခွင့်ရတဲ့ဇာတ်လမ်းတွဲလေးတွေလည်း ရှိတော့ အလုပ်လေးတွေ ပိုလုပ်ရတာ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့'' လို့ အကယ်ဒမီဝါဝါအောင်က ပြောပါတယ်။

play

 

ရိုက်ကွင်းသွားပြီဆိုရင် ကားကို ဒေါသတွေနဲ့ မောင်းတတ်တဲ့ ခင်ပွန်းကြောင့် တစ်နှစ်ပတ်လုံးစိတ်ညစ်ရတယ်လို့ ဝန်ခံပြောပြခဲ့ပါတယ်။

'' မကောင်းတဲ့အရာဆိုတာကတော့ အဆင်ပြေမှုမပြေမှုဆိုတာရှိတတ်တာပေါ့နော်။ များသောအားဖြင့် ရှုတင်သွားပြီဆို ဦးအောင်ခိုင် ကား မောင်းရင် ကားတွေက အရမ်းကျပ်တော့ သူမှန်ရင် သူတည့်တည့်မောင်းချင်တာကို ဘေးက ဟွန်းတီးပြီးကျော်ဖြတ်တာတွေကို မကြိုက် တာ သူကအလျော့မပေးဘူး၊ ဟွန်းတွေတီး ဒေါသတွေဖြစ်တာကို ကိုယ်က စိတ်ညစ်တတ်တယ်။ အဲ့ဒီတော့ အေးအေးဆေးဆေးလေးပဲ သွားချင် တယ်၊ ရှုတင်ကိုလည်း အေးအေးဆေးဆေးပဲရောက်ချင်တယ်။အဲ့ဒီပုံစံလေးပဲ တစ်နှစ်ပတ်လုံးစိတ်ညစ်ရတာ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ဝါဝါအောင်အနေနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးနေရသလို ရုံတင်ပြသပြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါသေးတယ်။

photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video