သရုပ်ဆောင်မင်းရာဇာကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ကားတွေ ကိုလည်း အပေါ်ကား၊ အောက်ကား ခွဲခြား သုံးနှုန်းနေမှုအပေါ် သူ့ရဲ့သုံးသပ်ချက်တွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော် အပေါ်ကား အောက်ကားဆိုတာကိုလည်းပြောချင်ပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် နယ်တွေရောက်ခဲ့ပြီးပါပြီ ဒါပေမယ့် ပရိသတ်တွေကိုမေးတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒါက ကျွန်တော်တို့ အသိုင်းအဝိုင်းတစ်ခုထဲမှာပဲ ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ အဲ့ဒါတွေကတော့ မရှိသင့်ဘူးလို့ထင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ကိုပေါရုပ်ရှင်ဇာတ်ကားကို လာရောက်အားပေးရင်း ရုံတင်ခွင့်မရသေးတဲ့ အခြေအနေအပေါ် အခုလိုရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' အနုပညာသမားအချင်းချင်းပဲဗျာ၊ မကောင်းဘူးဆိုရင်လည်း ကောင်းတာတစ်ခုဖြစ်လာဖို့ကိုတော့ လမ်းပြပေးရမယ်။ ဒါကြောင့်ဒါကြောင့် ဖြစ်တယ်ဆိုတာလေးကိုတော့  ထောက်ပြသင့်တယ်။ မြန်မာနိုင်ငံကနေ တရားဝင်ဆင်ဆာချပေးထားတဲ့ ဇာတ်ကားတွေ၊ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးဆိုတာက NGO အဖွဲ့အစည်းဖြစ်တယ်။ ဆင်ဆာဆိုတာက ပြန်ကြားရေးအောက်မှာရှိတယ်။ အစိုးရက တရားဝင်ဖွဲ့စည်း ထားတာကို လိုင်စင်တင်ထားပြီးတော့မှ  ခွင့်ပြုချက်မိန့်ရှိတဲ့ ကားတစ်ကားက တင်ခွင့်မရဘူးဆိုတာတော့ တော်တော်လေး ဝမ်းနည်းဖို့ ကောင်း တယ်'' လို့ မင်းရာဇာက ပြောပါတယ်။

play

 

သရုပ်ဆောင်မင်းရာဇာကတော့ အနုပညာအတွေ့အကြုံများစွာရရှိလာထားတာဖြစ်ပြီး ဒီနေ့အထိ သူ့ကို အားပေးတဲ့ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video