AD
AD
AD

ရုံတင်ရက်မရသေးတဲ့ ကိုပေါရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးကြိုးစားထားတဲ့ သရုပ်ဆောင်စည်သူပလပ်ကျွတ်ကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ် သူ့ရဲ့ မျှော်လင့်ချက်နဲ့ ရင်ခုန်သံတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဇာတ်ကားအတွက် မျှော်လင့်ချက်ကတော့ ဘာမှ သိပ်မရှိပါဘူး၊  ပရိုဂျူဆာ ကိုမျိုးကို ဇာတ်ကားဆုရစေချင်တယ်၊ ဒါရိုက်တာ ကိုနန္ဒကျော်ကို ရစေချင်တယ်။ ကိုဆင်မကြီးတို့ကိုလည်း ရစေချင်တယ်။ ပံ့ပိုးပေးတဲ့သူတွေကိုရစေချင်တာ ကိုပေါ ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီကားပဲလေ။ မခိုင်လေးရော၊ ကိုမြင့်မြတ်ရောကလည်း ဒီဇာတ်ကားအပေါ်ချီးကျူးဖူးတယ်'' လို့ ဆိုပါတယ်။

play

 

အရင်က ရိုက်ကူးပြီးအောင်မြင်ခဲ့တဲ့ ကိုပေါ ဗီဒီယိုဇာတ်ကားလည်းရှိတာကြောင့် ကြိုးစားမှုအပိုင်းမှာ အခက်အခဲလေးတွေရှိတယ်လို့ဆိုပါ

တယ်။

'' ဗီဒီယိုမှာလည်း အောင်မြင်ခဲ့ပြီးတော့ ကိုမော့စ်တို့လည်း ရိုက်ခဲ့သေးတယ်။ ဒါက ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ပိုပြီးတော့ စိတ်ဖိစီးမှုတွေ၊ အာရုံစိုက်မှုတွေ၊ အခက်အခဲတွေပြောမပြနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကို ဖြတ်ကျော်ပြီးတော့ ဒီလို ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်လာတယ်ပေါ့'' လို့ စည်သူပလပ်ကျွတ်က ပြောပါတယ်။

play

 

သရုပ်ဆောင်စည်သူပလပ်ကျွတ်ခေါင်းဆောင်အနေနဲ့ ပါဝင်ထားတဲ့ ကိုပေါရုပ်ရှင်ဇာတ်ကားကြီးမကောင်းရင် အားမပေးဖို့ကိုလည်း အာမခံစကားဆိုခဲ့ပါတယ်။

'' လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံတို့ကလည်း ဒီဇာတ်ကားလေးရုံပေါ်ရောက်ရင် ကြည့်စေချင်ပါတယ်။ မြန်မာလူမျိုးမှန် ရင် ကြည့်စေချင်တဲ့ ဇာတ်ကားလေးပေါ့နော်။ ဒီဇာတ်ကားမကောင်းရင် စည်သူပလပ်ကျွတ်ကို လုံးဝအားမပေးပါနဲ့ လို့ သစ္စာပြုပါတယ်။ ကောင်းခဲ့ရင်လည်း တစ်ယောက်ကို စကားတစ်ခွန်းနဲ့ အားပေးစေချင်တယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်စည်သူပလပ်ကျွတ်ကိုတော့ ဟာသဇာတ်ကားတွေမှာသာ ပရိသတ်အမြင်များကြတာဖြစ်ပြီး ကိုပေါရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ဒရာမာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo:Duwun, ကိုပေါ Pag

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD