AD
AD
AD

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ညီလာခံ ပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အနုပညာအလွှာအသီးသီးက အသိပညာရှင်များ၊ အတက်ပညာရှင်များနဲ့ အနုပညာရှင်များစွာတို့ကလည်း တက်ရောက် အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

play

 

အဆိုပါ ရုပ်ရှင်ညီလာခံကို တက်ရောက်လာကြတဲ့ အလွှာအသီးသီးက အနုပညာရှင်များ၊ အတတ်ပညာရှင်များမှ တာဝန်ရှိသူတွေကလည်း မိမိအလွှာမှ တင်ပြထားတဲ့ အချက် ၁၅ ချက်စီတိုင်းကို ဖတ်ကြားပြောပြခဲ့ပါတယ်။ ဒီ တင်ပြမှုအပေါ်မှာလည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူ များ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာ.ယ.က ကြီးများက ဆုံးဖြတ် အတည် ပြုခဲ့ပါတယ်။

play

 

ရုပ်ရှင်ညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအနေနဲ့ကလည်း အနုပညာလောကသားများရဲ့ အကြံပြုတင်ပြချက်တွေတိုင်းကို ပယ်ချခြင်းမရှိပဲ ထည့်သွင်းစဉ်းစားပေးခဲ့ပြီး  ဖော်ပြပါ အချက် ၇၀ ခန့်မှ အချက် ၄ ချက်ကို သာ အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ အချက်အလက် တွေကိုတော့ ပြန်လည် ဆုံးဖြတ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာ.ယ.က ကြီးတစ်ဦးဖြစ်တဲ့ ဦးစိုးမိုး ကပြောကြား ခဲ့ပါတယ်။

play

 

ဒီရုပ်ရှင်ညီလာခံကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းလက်ထပ်မှာ ပထမဆုံးအကြိမ်ပြန်လည် ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ဆွေးနွေးပွဲ လည်းဖြစ်ပါတယ်။

photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD