ရုပ်ရှင်ညီလာခံကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေထဲကမှ သရုပ်ဆောင်အေးမြတ်သူကတော့ သူ ဖြစ်ချင်တဲ့ဆန္ဒ၊ သူလိုချင်တဲ့ အတွေးအခေါ်ပုံစံလေးတွေကို လူငယ်ဆန်ဆန်နဲ့ပဲ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အေးမြတ်သူကတော့ ရုပ်ရှင်ညီလာခံမှာ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေအပြင် စီးပွားရေးပိုင်းဆိုင်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကိုလည်း အေးမြတ်သူက ဖိတ်ခေါ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ အေးမြတ်သူတို့ အနုပညာရှင်တွေက ဖန်တီးမှုတစ်ခုကိုပဲ လုပ်တတ်တာလေ ဈေးကွက်ရဲ့ အားပြိုင်မှုတွေပေါ့။ ဒါတွေကလည်း စီးပွားရေးပဲလေ ဒါတွေကို ထုတ်ပေးနိုင်တာက ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊  ပြည်ပမှာပဲ ဖြစ်ဖြစ်ရှိတာကိုး တစ်ခါတစ်လေကျရင် အနုပညာသမားရဲ့ အကြံဥာဏ်နဲ့ စီးပွားရေးသမားရဲ့ အကြံဥာဏ်က မတူဘူး။ ဒါကတော့ အေးမြတ်သူရဲ့ တစ်ကိုယ်တည်းစဉ်းစားမိတဲ့ လူငယ်အတွေးအခေါ်ပါ'' လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်ညီလာခံကနေ အေးမြတ်သူလိုချင်တဲ့ အချက်အလက်လေးတွေကိုလည်း အခုလိုရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

'' အခုချိန်မှာ အသိပညာရှင်၊ အတတ်ပညာရှင်၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေအပြင် နိုင်ငံတကာမှာ ဈေးကွက်ဝင်ထိုးဖောက်နေသော ပညာရှင်တွေရော၊ စီးပွားရေး အကြံပေးတွေရော၊ ဥပဒေအကြံပေးတွေပါ လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်တွေရဲ့ ခံစားပိုင်ခွင့်တွေ၊ ကာကွယ်ပိုင်ခွင့်တွေပေါ့။ အဓိက ကတော့ အေးမြတ်သူတို့ အနုပညာသမားတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေပညာရှင် တွေကို လိုချင်တယ်။ အနုပညာလောကကြီး တိုးတက်ဖို့ အတွက်က အနုပညာရှင်တွေအပြင် ဥပဒေပညာပေးတွေရော၊ စီးပွားရေး အကြံပေး တွေရော အဲ့ဒါတွေအားလုံး လိုအပ်မယ်လို့ လူငယ်တစ်ယောက်အနေနဲ့ ခံစားမိပါတယ်'' လို့ အေးမြတ်သူက ပြောပါတယ်။

play

 

ရုပ်ရှင်ညီလာခံကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကတော့ ဆယ်စုနှစ် ပေါင်း များစွာ မကျင်းပနိုင်ခဲ့တဲ့ ညီလာခံတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်းလက်ထပ်မှသာ ပြန်လည် ကျင်းပခွင့်ရခဲ့တဲ့ ညီလာခံကြီးလည်းဖြစ်ပါတယ်။ ဒီ ညီလာခံကိုတော့ အနုပညာရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များစွာ တို့က တက်ရောက်လာကြပါတယ်။

photo: Duwun , အေးမြတ်သူဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video