AD
AD
AD

မော်ဒယ်လ် အောန်ဆိုင်းကတော့ Professional Model တစ်ယောက်ဖြစ်တဲ့အတွက် အလှအပနဲ့ ပတ်သက်ပြီး သေသေချာချာ ထိန်းသိမ်းဖြစ်တဲ့ အကြောင်းနဲ့ အဆီပြန်တတ်တဲ့ သူ့ရဲ့ အသားအရေကိုရော အစားအသောက်နဲ့ ဘယ်လို ထိန်းသိမ်းဖြစ်တယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' Mask ကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်တယ်။ မိတ်ကပ်တွေအများကြီး လိမ်းရတဲ့အချိန်မှာ အသားအရေကို ရေဓာတ်ဖြည့် ပေးတာမျိုးတို့အဆီတွေဖယ်ရှားပေးတာ၊ နောက်တစ်ခု က အသားအရေစိုပြေအောင် Skin Care သုံးတဲ့ အချိန်မှ ပိုထိရောက်တာပါ။ အသားအရေကို သေချာထိန်းတယ် မျက်နှာကိုပြောင်အောင်သစ်တယ် အဆင့်ဆင့် သေချာဂရုစိုက်တယ်'' လို့ သူကဆိုပါတယ်။

play

 

အောန်ဆိုင်းရဲ့ အသားအရေဟာ အဆီပြန်တတ်တဲ့ အသားအရေဖြစ်တာကြောင့် ဘယ်လို အလှကုန်ပစ္စည်းတွေကို သုံးတတ်တယ်ဆိုတာကို လည်းပြောပြခဲ့ပါသေးတယ်။

'' အောန်ဆိုင်းရဲ့ အသားအရေက အဆီပြန်တဲ့အထဲမှာတော့ ပါတယ်။ အောန်ဆိုင်းကတော့ ကိုရွေးချယ်မယ်ဆိုရင် ကိုယ်ယုံကြည်စိတ်ချရတဲ့ အရာကိုပဲ သုံးတယ်။ ကြော်ငြာတိုင်းလည်းမဟုတ်ဘူး ကိုယ်ပေးလိုက်တဲ့ဈေးက နည်းပေမယ့် ကောင်းတယ်ပေါ့ အခုချိန်မှာလည်း ပစ္စည်းတွေက အရမ်းများတယ် ဘယ်ဟာကောင်းတယ် မကောင်းဘူး ဆိုတာကိုတော့ သေချာလေ့လာပြီးမှ သုံးဖြစ်တယ် အစားအသောက်နဲ့ထိန်းဖြစ်တာ ရှိ တယ်။ အောန်ဆိုင်းတို့က ဝက်ခြံထွက်တတ်တဲ့အသားအရေဖြစ်တဲ့အတွက် အဆီအရမ်းများတဲ့ဟာမျိုးတွေ၊အကြော်စာတွေ ဆိုရင် သိပ်မစားဖြစ်ဘူး''  လို့ပြောပါတယ်။

play

 

အောန်ဆိုင်းကတော့ မော်ဒယ်လ်အလုပ်ကိုသာ စိတ်ပါဝင်စားတဲ့သူတစ်ယောက်ဖြစ်ပြီး တက်သစ်စ မော်ဒယ်လ်တွေရဲ့ လေးစားအားကျရခြင်းကို ခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ MTV နဲ့ TV ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD