AD
AD
AD

အလှမယ် ဟန်သီကတော့ အစားအသောက်နှစ်သက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အစားအသောက်နဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ထုတ်ကုန် တစ်မျိုး ထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘယ်လို အစားအသောက်ထုတ်မလဲဆိုတာကိုတော့ ပရိသတ်တွေဆီက စာရင်းကောက် ပြီး ထုတ်သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဟန်သီ့မှာလည်း ကိုယ်ပိုင်အစီအစဉ်လေးရှိပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုပေါ့ ကိုယ်ပိုင် စားသောက်ကုန် လေးပဲဖြစ် ဖြစ်၊ လူမျိုးဘာသာမရွေးစားလို့ရတဲ့ Packge လေးနဲ့ပေါ့နော် ကိုယ့်ရဲ့ Own Brand Snack လိုမျိုးလုပ်ဖို့ရှိပါတယ်။ ဟန်သီ့ရဲ့ Page မှာ တစ်ချိန် လုံးကြည့်လိုက်ရင် အစားအသောက်တွေချည်းပဲ၊ အခုတလောပိုပြီး စားဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ဝိတ်တက်အောင် လုပ်နေတာဆိုတော့ အစားအသောက်တွေ ပိုစားဖြစ်တယ်'' လို့ ဆိုပါတယ်။

play

 

ကိုယ်ပိုင်စားသောက်ကုန်ထုတ်ဖို့ရည်ရွယ်ထားတဲ့ ဟန်သီ့အနေနဲ့ အာလူးကို အကြိုက်ဆုံးဖြစ်လို့ အာလူးတဲ့ ပတ်သက်တဲ့အစားအသောက် လေး တွေအကြောင်းလည်း ပြောပြခဲ့ပါတယ်။

'' ဟန်သီက အမြဲတမ်း အကြိုက်ဆုံးကတော့ အာလူး၊ အာလူးနဲ့ ပတ်သက်တဲ့ဟာ ထုတ်ချင်တယ်။ ဒါပေမယ့် ပရိသတ်တွေအများဆုံးကြိုက်တဲ့ အစားအသောက်ကိုတော့ စာရင်းကောက်ပြီးမှ လုပ်ဖြစ်မယ်ထင်တယ်။ ဟန်သီကတော့ အာလူးကြော် ထုတ်ချင်တာ ဒါပေမယ့် ဘာထုတ် ဖြစ်မယ် ဆိုတာတော့ သေချာမသိသေးဘူး။ လူကြီး၊ လူငယ် အကုန်စားလို့ရမယ့် အရာမျိုး သွားသွားလာလာ သယ်သွားလို့ရနိုင်မယ့် အရာမျိုး လေး ထုတ်ချင်တာပေါ့'' လို့ သူက ပြောပါတယ်။

play

 

အစားအသောက်ထုတ်ကုန် ထုတ်လုပ်မယ့် ဟန်သီကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်လောက်မယ့် အစားအသောက်ကို ရွေးချယ်ထုတ်လုပ် သွားမယ်လို့ပြောပါတယ်။ ဖေ့စ်ဘုတ်ကနေတဆင့်၊ ပန်းဖလပ် စာရွက်ကနေတဆင့်၊ မီဒီယာတွေကနေ တဆင့် အသိပေးပြောပြသွားဦး မယ်လို့ လည်း ဆိုပါတယ်။

photo: ဟန်သီဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD