အဆိုတော် စိန်ဝင်းထွန်းကတော့ အသက် ၇၀ ရှိပြီး ဂီတသက်တမ်း နှစ် (၄၀) ရှိနေပြီဖြစ်ပေမယ့် မြူးမြူးကြွကြွ ဂီတပုံစံတွေကို ယနေ့အထိ ကြိုက်နေတုန်းပါပဲ တဲ့။ သူ့အနေနဲ့ လက်ရှိဂီတရေစီးကြောင်းမှာ အဆိုတော်တွေ များလာတဲ့အတွက် ကြိုးစားပေမယ့် စိတ်ဓာတ်ကျသွားတဲ့ သူတွေလည်းရှိတာကြောင့် သူ့ရဲ့ အားပေး စကားကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အခုခေတ် အဆိုတော်တွေကတော့ အများကြီးပါပဲ ဟိုတုန်းကတော့ အဆိုတော်တွေက နည်းပါတယ်။ အခုခေတ် လူငယ်အဆိုတော်တွေ ကလည်းအများကြီးဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေကို စိတ်ဓာတ်မကျစေဖို့ ကိုယ့်ရဲ့အနုပညာကို စလုပ်မယ်ဆိုရင် ပြီးတဲ့အထိလုပ်စေချင်တယ်။ အခုဆိုရင် လုပ်နေရင်းနဲ့ စိတ်ဓာတ်ကျသွားတာတွေ မြင်တယ်လေ။ စိတ်ဓာတ်မကျနဲ့ ကြိုးစားပါလို့ ကျွန်တော် မြင်ပါတယ်'' လို့ အဆိုတော်ကြီး စိန်ဝင်းထွန်းက ပြောပါတယ်။

play

 

အဆိုတော် စိန်ဝင်းထွန်း သီဆိုထားတဲ့ အချစ်ရူး သီချင်းကို ယနေ့ခေတ် လူငယ်အဆိုတော်တွေက Varsion အမျိုးမျိုးနဲ့ ပြောင်းလဲသီဆို လာကြ တာ ဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးကြတဲ့ အပေါ် သူ့ရင်ထဲက ခံစားချက်တွေကို အခုလိုပြောပြခဲ့ပါတယ်။

'' ပရိသတ်တွေကတော့ အရင်က ပရိသတ်တွေရော၊ အခု လူငယ် ပရိသတ်တွေရော အားပေးကြတာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော့်ကို အခုလိုအားပေးကြတာတွေ့ရသေးလို့လည်း အရမ်းဝမ်းသာပါတယ်။ ကျွန်တော်လည်း ကျွန်တော်ရှိတဲ့ အနုပညာတွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒီအတွက် ကျွန်တော် အချိန်ရရင် ရသလို ကျွန်တော့်အနုပညာတွေပြဖို့ စီစဉ်နေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော်ကြီး စိန်ဝင်းထွန်းအနေနဲ့ ရွှေအိုရောင်ဂီတ ဖျော်ဖြေပွဲမှာလည်း အနုပညာမိတ်ဆွေ အပေါင်းအသင်းတွေနဲ့အတူ တေးသီချင်း ၅ ပုဒ် ပါဝင်သီဆိုသွားမယ်လို့ သိရပါတယ်။ ပရိသတ်တောင်းဆိုချက်အရ မပါမဖြစ် သီချင်းလေးတွေ ကိုလည်း ထည့်သွင်း သီဆိုသွားမယ်လို့ သိရပါတယ်။ သူ သီဆိုထားတဲ့ အချစ်ရူးသီချင်းကတော့ ယနေ့အထိတိုင် လူငယ်တွေရဲ့ နှုတ်ဖျားမှာ Varsion အမျိုးမျိုးနဲ့ ခေတ်စားနေဆဲပဲ ဖြစ်ပါတယ်။

Photo: စိန်ဝင်းထွန်း ဖေ့စ်ဘုတ်, Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video