ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖြစ်နေတဲ့ သရုပ်ဆောင် ရတနာဗိုကတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် Yangon to Thailand ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုလည်း Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။
'' အခုလောလောဆယ်တော့ ကိုအောင်ရဲလင်းနဲ့ အချစ်ပီဇာဆိုတဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ဒါပြီးရင် ဒါရိုက်တာပြည်ဟိန်းသီဟရိုက်တဲ့ Yangon to Thailand ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်မယ်။ ကုမ္မဏီတစ်ခုကနေ ကံစမ်းမဲ ပေါက်လို့ အဖွဲ့လိုက်ကြီးလိုက်ပို့ပေးတယ်ပေါ့၊ နယ်စုံက လူစုံတွေ အဲ့ဒီကားကြီးပေါ်မှာ တွေ့ကြတယ် ပြဿနာလေးတွေဖြစ်ကြတယ်။ အဲ့ဒီလိုမျိုး ဇာတ်လေးပါပဲ'' လို့ သူကဆိုပါတယ်။
Yangon to Thailand ရုပ်ရှင်ဇာတ်ကားကြီးထဲက သူ့ရဲ့ ဇာတ်ကောင်ပုံစံကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
'' ဇာတ်ကားထဲမှာတော့ ကိုယ်က ဟော့ရှော့ပဲပေါ့နော်၊ အခုခေတ်လူငယ် ဟော့ရှော့ပုံစံ ကံစမ်းမဲပေါက်ပြီးတော့ ဘန်ကောက်သွားခွင့်ရတယ် စသွားရမယ်ဆိုတော့ လေယာဉ်တွေနဲ့ သွားခွင့်ရမယ်ထင်တာ တကယ့်တကယ်တမ်းကျတော့ Bus Car ကြီးနဲ့ဖြစ်နေတာ စလာကတည်းက အလွဲလေးတွေပေါ့'' လို့ ရတနာဗိုက ပြောပါတယ်။
ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးမယ့် Yangon to Thailand ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ မင်းမော်ကွန်း၊ ရဲလေး၊ ယုသန္တာတင်၊ ရွှေသမီး၊ ရတနာဗို၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Photo: ရတနာဗို ဖေ့စ်ဘုတ်
See More