မေတိုးခိုင်ကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အနုပညာနဲ့ ပတ်သက်လာရင်တော့ တီအူဝဲက ၁၀၀ ရာခိုင်နှုန်း ပံ့ပိုးပေးပါတယ်။ စမလုပ်ခင်ကတည်းက အနုပညာလမ်းခရီးမှာ ဘယ်လို နေရမယ်ထိုင်ရမယ်။ အိုက်တင်တွေက အစ ပြောပြတယ် သင်ပေးပါတယ်။ တီအူဝဲက အရင်တုန်းကတော့ သူကနောက်ဆုံးပဲလို့ပြောတယ် အနုပညာအလုပ်ကို မလုပ်စေချင်ဘူးပေါ့နော် ပင်ပန်းလို့ တကယ်ဝါသနာပါမှန်းသိတော့လည်း အနောက်ကနေ အများကြီး ပံ့ပိုးပေးပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာနဲ့ပတ်သက်လာရင်လည်း တီအူဝဲက ဖိအားမပေးပေမယ့် ပတ်ဝန်းကျင်လေ့လာမှုကိုတော့ ပြောပြတယ်လို့ ဆိုပါတယ်။

'' တီအူဝဲကတော့ ဖိအားသိပ်မပေးပါဘူး၊ ကိုယ်ကြိုးစားရင် ကြိုးစားသလို အောင်မြင်မယ်လို့ပြောပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လေ့လာမှု အရ ရုပ်ရှင်တွေလည်းကြည့်တယ်။ ဒါပေမယ့် အရင်က ပတ်ဝန်းကျင်လေ့လာမှု အားသိပ်မရှိဘူး။ တီ အူဝဲက အနုပညာအလုပ်လုပ်မယ်ဆိုရင် ပတ်ဝန်းကျင်လေ့လာမှုက အများကြီးအရေးပါတယ်လို့ ပြောတဲ့အတွက် အခုလက်တလောမှာ လူတွေ လှုပ်ရှားသွားလာမှုကို လေ့လာဖြစ်ပါ တယ်'' လို့ မေတိုးခိုင်က ပြောပါတယ်။

play

 

မေတိုးခိုင်ကတော့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမတော်စပ်သူဖြစ်ပြီး အနုပညာနဲ့ပတ်သက်ပြီး ပံ့ပိုးပေးတဲ့ အဒေါ်ဖြစ်သူကို အရမ်းကျေးဇူး တင်တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း မေတိုးခိုင်ရဲ့ အနုပညာအလုပ်တွေကို အားပေးဝေဖန်ပေးကြဖို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

Photo: မေတိုးခိုင်ဖေ့စ်ဘုတ်, Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video