Beauty Blogger တစ်ယောက်အဖြစ်အောင်မြင်နေတဲ့ နေခြည်ဦးကတော့ သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့သူဖြစ်တဲ့အတွက် သရုပ်ဆောင်ဘက်ကို ကူးဖို့လည်း အစီအစဉ်ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာတော့ရှိတယ်။ ဇာတ်ညွှန်းတွေဖတ်နေတယ် ရုပ်ရှင်ရိုက်ဖို့ စဉ်းစားနေပါတယ်။ နေခြည့်အနေနဲ့က Beauty Blogger တစ်ယောက်အနေနဲ့ကနေ သရုပ်ဆောင်ဘက်ကို ကူးတယ်ဆိုတာ ခုန်ကူးတဲ့ အရာက အရမ်းကြီးတယ်၊ ကိုယ်က Beauty Blogger မှာ နေရာတစ်နေရာ ရထားပြီးသား မိတ်ကပ်နဲ့ အလှအပနဲ့ ဝေမျှတဲ့အတွက် ကိုယ့်ရဲ့ အနောက်မှာ ပရိသတ်က ဒါကို လက်ခံတဲ့သူက အများကြီး ရှိပြီးသားပေါ့နော်၊ သရုပ်ဆောင်ဘက်ကို ကူးလိုက်တဲ့အခါ သရုပ်ဆောင်ဘက်မှာ အားနည်းသွားတာပဲဖြစ်ဖြစ် မိတ်ကပ်ဖန်တီးမှု တွေကို ရိုက်တာ နည်းသွားရင် နေခြည့်မှာ ဖိအားအရမ်းကြီးတယ်။'' လို့ နေခြည်ဦးက ပြောပါတယ်။

play

 

ရုပ်ရှင်ရိုက်ရင်လည်း ကိုယ့်ကို လူပိုသိစေချင်တဲ့အတွက် ကြိုးစားချင်သေးတယ်လို့ နေခြည်ဦးက ဖွင့်ဟပြောပြခဲ့ပါသေးတယ်။

'' ရုပ်ရှင်ရိုက်တာကို ကြည့်တဲ့သူတွေက အခြေခံလူတန်းစားတွေအရမ်းများတယ်၊ နယ်တွေက အရမ်းအားပေးတဲ့အတွက် နေခြည် ရုပ်ရှင်ရိုက်တဲ့ ဘက်ကို ကြိုးလည်းကြိုးစားချင်တယ် ကိုယ့်ကိုလည်း လူပိုသိချင်တယ်။ လောလောဆယ်တော့ ဒွိဟလေးတော့ဖြစ်နေတာပေါ့နော်။ သရုပ်ဆောင် ဘက်ဆိုရင်လည်း ကိုယ့်အတွက် တာဝန်အရမ်းကြီးတယ်၊ ကိုယ့်ရဲ့ ပထမဦးဆုံးကားကိုလည်း နေခြည်က ဒါရိုက်တာကအစ၊ မင်းသား မင်းသမီးက အစ ဇာတ်ညွှန်းအဆုံးပေါ့နော် အများကြီးနေခြည်ဖတ်နေတယ် အစအဆုံးပေါ့နော်။ Pressure ကတော့ တော်တော် များတယ်ရှင့်'' လို့ ဆိုပါတယ်။

play

 

နေခြည်ဦးကိုတော့ ပရိသတ်တော်တော်များများက Beauty Blogger တစ်ယောက်အနေနဲ့ပဲ အားပေးချစ်ခင်ခဲ့ကြတာပါ။သူ့အနေနဲ့ ဇာတ်ကား တွေရိုက်ကူးဖို့ ကမ်းလှမ်းခံရတဲ့အတွက် သရုပ်ဆောင်အလုပ်ကိုလည်း စိတ်ဝင်စားတာကြောင့် ကြိုးစားချင်တဲ့စိတ်လည်း ရှိပါတယ်။ အလှအပ ဖန်တီးမှုတွေနဲ့ ပရိသတ်စသိခဲ့တာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုလျော့သွားမှာစိုးတဲ့အပေါ် ဒွိဟဖြစ်နေတယ်လို့ သိရပါတယ်။

Photo: နေခြည်ဦးဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video