မော်ဒယ်ချွန်းချွန်း ကတော့ ချစ်သူဖြစ်တဲ့ ဆန်းတိုးနိုင်က လူကြီးဆန်တယ်၊ အလုပ်နဲ့ပတ်သက်လာရင် အားကိုးရတယ်လို့ ဖွင့်ဟပြောပြ ခဲ့ပါ တယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေတဲ့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ အကြောင်းလေးတွေကိုလည်း Duwun Media ပရိသတ်တွေအတွက် အခုလိုဝေမျှပြောပြခဲ့ပါတယ်။

play

 

'' နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက်က အရမ်းနားလည်ယူရတယ်။ သာမန်လူတွေနဲ့ကြိုက်ရတာ မတူဘူး မနာလိုမှုတွေ အရမ်းလျှော့ရတယ်။ ချွန်းနဲ့သူနဲ့က ၂၄ နာရီရှိရင် ၂၄ နာရီစလုံး ရန်ဖြစ်နေတာ ပြီးရင်ပြန်တည့်သွားလိုက်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။ ချွန်းရဲ့ မိဘတွေကလည်း ယုံကြည်ထားတာတွေရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

ချစ်သူ ဆန်းတိုးနိုင်အပေါ် သဘောကျမိတဲ့အချက်တွေနဲ့ သဘောမကျတဲ့အကြောင်းအရာတွေကိုလည်း ဖွင့်ဟပြောပြခဲ့ပါတယ်။

'' သူက လူကြီးအရမ်းဆန်တယ်၊ တစ်ခါတစ်လေကျရင် အလုပ်တွေဆိုရင်လည်း သူ့ဆီကနေ သင်ရတာများတယ် ကိုယ့်အတွက် အရမ်းအားကိုး ရတယ်။သဘောမကျတဲ့အချက်ကတော့ ချွန်းနဲ့သူနဲ့က ကာရိုက်တာလုံးဝမတူဘူး၊ ဆန်းတိုးနိုင်က သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ် တယ်၊ အပျော်အပါးကြိုက်တယ်ပေါ့နော်။ ချွန်းကကျတော့ အေးအေးဆေးဆေးနေရတာကိုပဲ ကြိုက်တယ် အဲ့ဒီလိုတွေကြောင့် ချွန်းနဲ့သူနဲ့ မတည့်ဘူး'' လို့ ပြောပါတယ်။

play

 

အပျော်အပါးကြိုက်တဲ့ ဆန်းတိုးနိုင်အတွက် ချွန်းချွန်းက အခုလိုစကားလက်ဆောင်ပါးခဲ့ပါသေးတယ်။

'' သူ့ကို အပျော်အပါးလျှော့စေချင်ပါတယ်။ ယောက်ျားလေးလည်းဖြစ်တယ် ချွန်းဖြစ်စေချင်တာက တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားတဲ့ လူမျိုးဖြစ်စေချင်တယ်၊ လိုချင်တယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်အခိုင်အမာရှိပြီးသား အနုပညာရှင်တွေဖြစ်ကြတဲ့ ဆန်းတိုးနိုင်နဲ့ ချွန်းချွန်းတို့ကတော့ ချစ်သူသက်တမ်း ၄ နှစ် ရှိပါပြီတဲ့။ အနုပညာ အလုပ်တွေအတူတူလုပ်ဖြစ်နေတဲ့ သူတို့ကတော့ ဖက်ရှင်ရှိုးပွဲတွေ၊ မဂ္ဂဇင်းကာဗာတွေ နဲ့ တီဗီကြော်ငြာတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။

photo: ဆန်းတိုးနိုင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video