AD
AD
AD

သရုပ်ဆောင်အကယ်ဒမီ ဝါဝါအောင်ကတော့ အွန်လိုင်းမီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ မေးခွန်းမထည့်ပဲ အဖြေကိုပဲ သီးသန့်ကြီးတင်လိုက်တဲ့ အတွက် ဒီအင်တာဗျူးအပေါ် ပရိသတ်တွေရဲ့ အထင်လွဲတာတွေ ခံခဲ့ရတဲ့အတွက် Duwun Media ကနေ အခုလိုပြန်လည်ဖြေရှင်း ပြောပြခဲ့ပါ တယ်။

play

 

 '' အဲ့ဒီ Cele 7 က သူမေးသွားတဲ့ အကြောင်းတွေကို မထည့်လိုက်ဘူး သူမေးတဲ့အကြောင်းအရာက ဒီပြင့်အကြောင်းအရာ အန်တီဝါတို့ ရုပ်ရှင် လောကထဲမှာပဲ ရိုက်ကွင်းမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေမေးတဲ့အတွက် ရိုက်ကွင်းမှာ ဘယ်လိုနေပုံထိုင်ပုံလေးတွေ နေရမယ်ဆိုတာကို အဲ့ဒီအကြောင်းလေးတွေပဲ အန်တီဝါ ဖြေလိုက်တာပါ။ ဒါပေမယ့် အန်တီဝါ့ရဲ့ အင်တာဗျူးက မေးခွန်းမပါဘူး အန်တီဝါဖြေတဲ့အဖြေက အဲ့ဒီအချိန် မှာ ဂယက်ထခဲ့တဲ့ ဘုဏ်းသိုက်နဲ့ ချမ်းချမ်း အကြောင်းကိုပြောတယ်ပဲ ထင်နေတာ မဟုတ်ဘူး။ ရှုတင်မှာဘယ်လိုနေရမလဲ လူကြီး ဆိုရင် ဘယ်လို နေထိုင်သင့်တယ်၊ ပြောသင့်တယ် ဆိုသင့်တယ် ဆိုတာကိုပဲ အန်တီဝါဖြေလိုက်တာပါ''လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေရဲ့ အထင်လွဲမှုတွေကြောင့် ဖေ့ဘုတ်ကို တော်တော်စိတ်ကုန်သွားပြီး အရင်ကလောက် မသုံးဖြစ်တော့တဲ့အကြောင်း ပြောပြခဲ့ပါ သေးတယ်။

'' ပရိသတ်တွေက နားလည်မှုလွဲသွားတာပေါ့နော်၊ သေသေချာချာနားမထောင်တာပဲလား နားစွံနားဖျားကြားရုံလောက်နဲ့ Comment ရေးလိုက်တာလားမသိဘူး။ ရေးလိုက်တဲ့ Comment တွေကြောင့် အန်တီဝါ တော်တော်လေးကို စိတ်ကုန်သွားတာ အရမ်းကိုစိတ်ကုန်သွားပြီး အခုဆိုရင် ဖေ့စ်ဘုတ်ကို တော်တော်လေးမကြည့်ဖြစ်တော့တာ စိတ်လည်း စိတ်ဆင်းရဲသွားတယ်။ ကိုယ်က လူတိုင်းအပေါ်မှာလည်း မေတ္တာထားတယ် အန်တီဝါ့ကို အဲ့ဒီလိုကြီးမြင်တော့လည်း စိတ်ညစ်တယ်။ ပရိသတ်တွေကိုယ့်ကို အမြင်စောင်းတာကို မနေတတ်တာပေါ့'' လို့ အကယ်ဒမီဝါဝါအောင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ဝါဝါအောင့် အနေနဲ့ ပရိသတ်ချစ်အောင် အမြဲနေတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေက နည်းနည်းလေး အမြင်စောင်းသွားရင် နေရထိုင်ရ တော်တော်လေးခက်ခဲတယ်၊ အရမ်းလည်း စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။

Photo: ဝါဝါအောင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD