AD
AD
AD

တောက်တဲ့ ဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ မှာပါဝင်လာတဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ ခိုးဆိုးလုနှိုက် ၁ ထဲက ဇာတ်ကောင်ကာရိုက်တာနဲ့ တောကျီးကန်းထဲမှာ ပါဝင်လာတဲ့ သူ့ရဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါးဘက်ကို ရောက်သွားတဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကောင်ကာရိုက်တာ ကွဲပြားပုံကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ခိုးဆိုးလုနှိုက် ၁ မှာတုန်းကတော့ ပေတေလေလွင့်နေပြီးတော့ လူသတ်ဖို့လည်း ဝန်မလေးတဲ့သူတစ်ဦးပေါ့။ ဒီဇာတ်ကားထဲမှာကျတော့ ဝမ်းစာအတွက် သူတို့ မကောင်းတာကို လုပ်ကြတယ် ဒါပေမယ့် သူငယ်ချင်းကလည်း ၂ ယောက်ပဲရှိတော့တယ်ဆိုတော့ သူတို့တွေ အရင်လို ဆိုးပေတေနေတာမျိုး မဟုတ်တော့ပဲအလုပ်တစ်ခုကို ဝမ်းစာအတွက်ရှာကြတာပဲရှိတယ်။ သူငယ်ချင်းနှစ်ယောက် အရမ်းချစ်ကြခင်ကြတယ်။ မိန်းကလေးတစ်ယောက် ဝင်လာတဲ့အချိန်မှာ အချစ် တစ်ခုဖြစ်လာတော့ သူငယ်ချင်းနှစ်ယောက် တဖြည်းဖြည်းနဲ့ ဝေးလာကြတယ်။ သူငယ်ချင်းအပေါ်မှာ နည်းနည်းလေး အမြင်စောင်းလာတယ်။ အဲ့ဒီအချိန်မှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးဘက်ကို ရောက်သွားတယ်ပေါ့။ '' လို့ဆိုပါတယ်။

play

 

တောကျီးကန်းရုပ်ရှင်ဇာတ်ကားအပေါ် သူ့ရဲ့ဝေဖန်သုံးသပ်ချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ဇာတ်ကားပုံစံလေးကတော့ အက်ရှင်နဲ့ ဒရာမာတွဲထားတာပေါ့။ ဒါပေမယ့် ဒရာမာက ပိုများတယ်။ လုပ်ရတာလည်း အားရကျေနပ်ပါတယ် ပရိသတ်တွေလည်းအောက်ကနေပြီးတော့ သူတို့ကြိုက်တဲ့အခန်းတွေဆိုရင် လက်ခုပ်တီးပြီး အားပေးကြတာ ဇာတ်သိမ်းလေးမှာဆိုရင်လည်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားတယ်ပေါ့။ ကျွန်တော်တို့ ဇာတ်ကားထဲမှာ မပါတဲ့ ဇာတ်ဝင်ခန်းတွေဆိုရင်လည်း တချို့အရာတွေက ဖွက်ထားတော့ အကုန်ပြောပြလို့ မရလို့ပါ ပြန်ကြည့်တဲ့အချိန်မှာလည်း အားလုံးဒေါင့်စေ့ပါပဲ ကောင်းပါတယ်'' လို့ ခင်လှိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်ရဲ့ လတ်တလေအနုပညာလှုပ်ရှားမှုအနေနဲ့ Yangon to Thailand ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည်ဟိန်းသီဟ နဲ့ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo: Duwun, မိုး ရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD