AD
AD
AD

စာရေးဆရာမ ကြည်အေးရဲ့ အောင်မြင်တဲ့ဝတ္ထုတွေထဲကမှ မီ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးသွားမယ့် သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ မီ ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမှာဖြစ်တာကြောင့် မီ ကာရိုက်တာက သူ့အတွက် ပင်ပန်းတယ်၊ မီ မဖြစ်မှာ လည်း စိုးရိမ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မီ ဆိုတာက ကျားနာတစ်ကောင်လို့ပဲ မြင်မြင်သမျှမဲတယ်။ ဘာမှ မဲစရာမရှိရင် ကိုယ့်ကိုယ်ကို ပြန်မဲပြီးတော့ ကိုယ့်ကိုယ်ကို ဒုက္ခပြန်ပေးနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ မီက လူတွေကို သူ့ကိုကောင်းတယ်လို့မြင်တဲ့လူကို ကောင်းကောင်းပြန်ဆက်ဆံတယ်၊ သူ့ကို ဆိုးတယ်လို့ မြင်တဲ့သူကို မြင်တဲ့အတိုင်း ပြန်ပြီးတော့ တုံ့ပြန်တယ်။ ဒီဇာတ်ကားထဲမှာ မင်းသားတွေ အများကြီးပါတယ်။ အဲ့ဒီမင်းသားတစ်ယောက်ချင်းစီကို သူ့ဘက်က ပြန်ဆက်ဆံပုံ၊ ပြန်တုံ့ပြန် ပုံတွေကလည်း ကွာမယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

မီ ဇာတ်ကောင်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်အောင် ကြိုးစားပြင်ဆင်ခဲ့ရပုံတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' မီ ဖြစ်ရတာလည်း ပင်ပန်းပါတယ်။ အစကတည်းက ကိုယ့်ကိုယ်ကို မီမဖြစ်မှာလည်း စိုးရိမ်ခဲ့ရတယ်။ အမှန်အတိုင်းဝန်ခံရ ရင် ရှေ့ကားတွေ ရိုက်ကတည်းက မီ ဇာတ်ရုပ်မျိုးဖြစ်အောင် လုပ်နေခဲ့တာ ရှုတင်က ပြန်လာပြီးကတည်းက အဲ့ဒီက ကာရိုက်တာပုံစံတွေအားလုံးကို ပစ်ချလိုက် ပြီးတော့ ပြန်ရောက်ပြီဆိုတာနဲ့ စိတ်ထဲမှာ မီလိုပဲ နေတယ်။ ဝတ္ထုနဲ့ ဇာတ်ညွှန်းနဲ့ကို တိုက်ကြည့်တယ် ဒီဇာတ်ဝင်ခန်းမှာ မီ ဘာကြောင့် ဒီစကားပြောတာလဲ မီ့ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို လှမ်းမြင်အောင်ကြည့်တယ် မီလိုပဲ နေရတာဆိုတော့ အမှန်အတိုင်းပြောရရင် အရမ်း လည်း မွန်းကြပ်တယ်'' လို့ ဆိုပါတယ်။

play

 

မီရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ ရဲအောင်၊ မင်းဦး၊ သားညီ၊ နေတိုး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးရေးလုပ်သွားမယ်လို့ သိရပါတယ်။

Photo: ပိုင်ဖြိုးသု ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD