တန်ဖိုးရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက City Star Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်သွားကြ မယ့် အနုပညာရှင်တွေကလည်း သူ့တို့ရဲ့ ကာရိုက်တာအကြောင်းကို Duwun media ကနေတဆင့် မိတ်ဆက်စကားပြောပြခဲ့ပါတယ်။

play

 

ဒါရိုက်တာ John La Raw

___________________

ဒီဇာတ်ကားမရိုက်ခင်မှာ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး ပညာပေးနဲ့ဆိုင်တဲ့ Documentry တစ်ခုရိုက်ခဲ့တယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်ထဲ ဝင်သွားပြီ အဲ့ဒီဇာတ်တကားရိုက်ရင်းနဲ့ လမ်းဘေးမှာ ကလေးတစ်ဖက်နဲ့ မူးယစ်ဆေးဝါးစွဲနေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်အရမ်းခံစားသွားရတယ်။ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်နေတဲ့ လူငယ်တွေ၊ လမ်းမှားနေတဲ့ လူငယ်တွေကို လမ်းပြပေးနိုင်တဲ့ ဇာတ်ကား ရိုက်ချင်တဲ့စိတ် ပေါ်လာတော့ ဇာတ်လမ်းရေးရင်းနဲ့ တန်ဖိုးဆိုတဲ့ ဇာတ်ကားလေး ဖြစ်လာတာပါ။

play

 

ဇင်ဝိုင်း(အကယ်ဒမီ)

________________

ကျွန်တော်ပါဝင်ရမယ့် နေရာကတော့ ဒု-ရဲမှူးနေရာက ပါဝင်ရမှာပါ။ ဇာတ်ကားကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ရည်ရွယ်ချက် ကောင်းလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာအသစ်ဆိုပေမယ့်လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာတောင် သွားရောက်ယှဉ်ပြိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒီ့အတွက် လက်ခံရိုက်ကူးခြင်းလည်းဖြစ်ပါတယ်။

play

 

ထွန်းထွန်း (အကယ်ဒမီ)

__________________

ဒီဇာတ်ကားထဲမှာ ကျွန်တော့် နာမည်က နိုင်နိုင်တဲ့ ။ သူက ဆိုးတယ် ကိုယ်ထင်ရာကိုယ်လုပ်တယ်။ အစ်မတစ်ယောက်နဲ့နေတယ်။ အဖေ အမေ မရှိဘူး နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ တဇောက်ကန်းပေါ့နော် အဲ့ဒီလို ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

ခင်ဇာခြည်ကျော်(အကယ်ဒမီ)

_______________________

တန်ဖိုး ဆိုတဲ့ဇာတ်ကားထဲမှာတော့ ထွန်းထွန်းရဲ့ အစ်မပေါ့နော် အပျိုကြီး။ ရိုးရိုးယဉ်ယဉ်ပေါ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူ နေရာကနေ ပါဝင်ပြီးတော့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားကတော့ မက်ဆေ့ခ်ျ တစ်ခုခု ပေးနိုင်မယ့် ဇာတ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

play

 

အေးမြတ်သူ

______________

အေးမြတ်သူကတော့ မိဘမဲ့ တစ်ကောင်ကြွက် မူးယစ်ဆေးရောင်းချတဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ အမှတ်တမဲ့ သူသံယောဇဉ် တွယ်မိတဲ့ ကောင်လေးနဲ့ ဇာတ်လမ်းလေးပေါ့နော်။

play

 

တန်ဖိုးရုပ်ရှင်ဇာတ်ကားကိုတော့ ခါကာဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အနုပညာ တက္ကသိုလ် မှာတက်ရောက်ပညာသင်ကြားနေတဲ့ ဒါရိုက်တာ John La Raw က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော် နဲ့ အေးမြတ်သူ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video