Mister Title ဆုတွေ အများကြီးပိုင်ဆိုင်ပေမယ့်လည်း လမ်းဘေးမှာ ဈေးအော်ရောင်းခဲ့ရတဲ့ဘဝကို မမေ့ဘူး ဆိုတဲ့ သူရထူး ကတော့ ဝါသနာပါ တဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်အောင် ခက်ခဲကြမ်းတမ်းတဲ့ ဖြတ်သ န်းမှုတွေအကြောင်းကို Duwun media ကနေဖွင့်ဟ ပြောပြ ခဲ့ပါတယ်။

play

 

'' ကျွန်တော်က ငွေကြေးချမ်းသာတဲ့ အထဲက မပါဘူး။ ကျွန်တော့်အမေက လှည်းတန်းဈေးမှာ ရွှေရင်အေး ရောင်းရတဲ့ ဈေးသည်တစ်ယောက်ပေါ့။ အခက်အခဲတွေတော့ အများကြီးရှိတာပေါ့ မော်ဒယ်လ်သင်တန်းလည်း မတက်ဖူးဘူး။ အရမ်းအောင်မြင်ချင်တယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အများကြီးတည်ဆောက်ချင်တယ်။ ဒါကြောင့် အနုပညာကို တစိုက်မတ်မတ်ကြိုးစားတယ်။ စစ ဦးချင်းမှာ နေရာ ပေးမခံရတာတွေ၊ အနှိမ်ခံရတာတွေပေါ့ ဒါတွေက ကျွန်တော်တို့ ဓမ္မတာလိုဖြစ်နေတာပါပဲ ကျွန်တော်ထင်ပါတယ် အောင်မြင်အောင်ကြိုးစား နေတဲ့သ၍ ကျွန်တော်တို့က အောင်မြင်တဲ့ အနုပညာရှင်သမားတစ်ယောက်လို့ပဲ ခံယူထားပါတယ်'' လို့ သူကဆိုပါတယ်။

play

 

လှည်းတန်းဈေးမှာ မိခင်နဲ့အတူ ဈေးအတူရောင်းခဲ့ရတဲ့ အချိန်တွေကို မေ့လို့ မရဘူးဆိုတဲ့ သူရထူးက သူ့ဘဝအတွက် ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေအတွက် အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ကျွန်တော်က အရင်တုန်းက ရွှေရင်အေး၊ မုန့်လက်ဆောင်း ဆိုပြီးတော့ အော်ရောင်းခဲ့ရတဲ့ဘဝကို အမြဲတမ်းအမှတ်ရနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ဒီဘဝလေးကနေပြီးတော့ ကျွန်တော့်ကို အင်အားတွေအများကြီးပေးခဲ့တယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အရာမျိုး ကျွန်တော့် ဘဝမှာ မရှိခဲ့ပါဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့ အခက်အခဲဆိုတာ ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ အဘိဓာန်မျိုး ကျွန်တော့ ရင်ထဲမှာ အထပ်ထပ်ကြားနေပါ တယ်'' လို့ သူရထူး က ပြောပါတယ်။

play

 

လူငယ်တစ်ယောက်ဖြစ်ပေမယ့် ရွှေရင်အေး၊ မုန့်လက်ဆောင်းရောင်းရတဲ့ အခြေအနေတစ်ခုကနေ Mister ဆုတွေ အများကြီးရရှိလာနိုင်တဲ့ လူငယ်တစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' လူငယ်တွေကို ကျွန်တော်ပြောချင်တာက ကိုယ့်ရဲ့ အိမ်မက်တွေကို ပြန်ပြီးမက်မနေပါနဲ့ အသက်သွင်းပါ၊ စတင်လုပ်ဆောင်ပါ၊ အသွေးအသား တွေ ထတောက်ပြီး အရိုးတွေ မီးထတောက်သွားတဲ့အထိ ကိုယ့်ရဲ့ စိတ်ကူးယဉ်အိမ်မက်ကို ဘယ်တော့မှအဆုံးအရှုံးမခံပါနဲ့ အမြဲတမ်းကြိုးစားပါ။ လူငယ်တွေဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် သံယံဇာတ တစ်ခုပါ အဲ့ဒါကြောင့် ဘက်ပေါင်းစုံကနေပြီးတော့ အလှတရား တွေ ခြယ်သရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် ဘဝကို အရမ်းတန်ဖိုးထားပါတယ် ကျွန်တော်ပေးဆပ်ထားရတဲ့အရာတွေကလည်း အများကြီးရှိပါတယ်။ ကျွန်တော်ခံစားခဲ့ရတဲ့ အရာတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်က ရင်မဖွင့်တတ်တဲ့အတွက် ကျွန်တော့်ရဲ့လက်တွေ၊ အံကြိတ်မှုတွေကို တစ်ခါတစ်လေ အားနာမိတယ်'' လို့ ဆိုပါတယ်။

play

 

သူရထူး အနေနဲ့ အခုဆိုရင် ခေါင်းဆောင်မင်းသားအဖြစ် ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေရသလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေပြီ လို့ သိရပါတယ်။ဇာတ်လမ်းတွဲရိုက်ကူးဖို့လည်း လက်ခံထားတာရှိသေးတယ်လို့ သူရထူးက ပြောပါတယ်။

photo: သူရထူးဖေ့ဘုတ်, Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video