AD
AD
AD

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲမှာ ရွှေဇဝါနဲ့ အပြိုင် ရှေ့နေမလေး မေခတ္တာအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ့် မေဘရဏီသော်က ဒီဇာတ်လမ်းတွဲထဲမှာ အမှန်တရားအတွက် ဇွဲမလျော့တတ်တဲ့ ရှေ့နေမလေးတစ်ယောက်ရဲ့ ကာရိုက်တာပုံစံကို Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' ဇာတ်ကားထဲမှာဆိုရင် ကျောင်းမှာကတည်းက ရွှေဇဝါနဲ့ မေခတ္တာတို့က သူငယ်ချင်းလည်း သူငယ်ချင်း၊ ပြိုင်ဘက်လည်းပြိုင်ဘက် ဒါပေမယ့် ကိုယ်ကလည်း မှန်တယ်ဆိုရင် ဇွဲမလျော့တက်ဘူး။ ကိုယ်ယုံကြည်တဲ့ အမှန်တရားဆိုတာကို ပြောပြဖို့အတွက် ဝန်မလေးဘူး ဘယ်အရာမဆို ကိုယ့်အနေနဲ့ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်မျိုး သရုပ်ဆောင်ထားတာပါ'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်လမ်းတွဲမှာ ကြိုးစားသရုပ်ဆောင်ပေမယ့်လည်း ထွေလာထွက်လာတဲ့အခါ ကိုယ့်တိုင်သရုပ်ဆောင်မှုအပေါ် မကျေနပ်တာလေးတွေရှိ သေးတယ် လို့ ဖွင့်ဟပြောပြခဲ့ပါသေးတယ်။

" ဇာတ်ကား ထွေလာထွက်ကတည်းက ကိုယ့်ဘာသာကိုယ်မကြည့်ရဲဘူး။ ဒါပေမယ့် Fan တွေက အရမ်းကောင်းတယ်ထွေလာလေးက ကြည့် ကြည့် ပါပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်တော့ လုပ်လိုက်ပေမယ့်လည်း စိတ်တော့စိတ်ပူတာပေါ့နော်။ တစ်ခါတစ်လေဆို ငါ ဒီနေရာလေးမှာ ဒီလို လုပ်လိုက်သင့်တယ် ဆိုတဲ့ စိတ်မကျေနပ်တာလေးတွေတော့ရှိပါတယ်'' လို့ မေဘရဏီသော်က ပြောပါတယ်။

play

 

ပန်းနှစ်ပွင့်စီးချင်းရုပ်သံဇာတ်လမ်းတွဲကို MRTV ရုပ်သံလိုင်းက ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေ ရဲ့ဝေဖန်အကြံပြုချက်တွေကို ကြားချင်တယ်လို့ မေဘရဏီသော်က ပြောပါတယ်။ ဒီဇာတ်ကားရိုက်နေရင်းနဲ့လည်း ရှေ့နေတွေကို အရမ်း လေးစားမိတယ်လို့ သူကဆိုပါတယ်။

Photo: မေဘရဏီသော်ဖေ့စ်ဘုတ်, Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD